ရုရှားရေတပ်နေ့အခမ်းအနား အမျိုးသမီးအမှုထမ်းများဖြင့် ပထမဆုံးကင်းလှည့်

ရုရှားရေတပ်နေ့ အခမ်းအနားအတွက်  ပြင်ဆင်တဲ့အနေနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး အမှုထမ်းတွေနဲ့ ပင်လယ်နက်အတွင်း ကင်းလှည့်မှုကို ဇူလိုင် ၁၀ ရက်က ပြုလုပ်ခဲ့ပါတယ်။  ရုရှားရေတပ် အမျိုးသမီးအမှုထမ်းတွေဟာ  ကင်းလှည့်ရေယာဉ်ပေါ်တက်ပြီး သူတို့ရဲ့ ပထမ ဆုံးခရီးစဉ်မှာ  လေ့ကျင့်မှုအများအပြားကို  ပြုလုပ်ခဲ့ပါတယ်။  RGD-5 လက်ပစ်ဗုံး ရေထဲ ပစ်တာအပါအဝင်  အဖျက်သမားတွေရဲ့ ကျူးကျော်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတာ သဏ္ဌာန်တူ လုပ်ပြခဲ့ပါတယ်။  ဒီကင်းလှည့်ခရီးစဉ်ဟာ  အမျိုးသားကြီးစိုးတဲ့ လက်နက်ကိုင်တပ်တွေမှာ အမျိုးသမီးတွေ ပိုမို တက်တက်ကြွကြွပါဝင်လာတဲ့ ကြိုးပမ်းမှု အမှတ်လက္ခဏာ ဖြစ်ပါတယ်။  လက်ရှိ ရုရှားရေတပ်ဟာ အမျိုးသမီးတွေ ဝင်ရောက်ဖို့ အဟန့်အတားတွေ ရှိဆဲ ဖြစ်ပါတယ်။   ၂၀၀၀ ခုနှစ်က သမ္မတ ဗလာဒီမာပူတင် လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်ထုတ်ပြန်ချက်မှာ  အမျိုးသမီးတွေ အလုပ်လုပ်ခွင့် တားမြစ်ထားတဲ့ လုပ်ငန်းနယ်ပယ် ၃၈ ခုက အလုပ်အကိုင်ပေါင်း ၄၅၆ ခု ရှိပါတယ်။  အဲဒီလုပ်ငန်းနယ်ပယ်တွေဟာ အကြမ်းပတမ်းတွေ လုပ်ဖို့လိုအပ်ပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်အခြေအနေတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up