Home
မြန်မာသတင်း
မိုင်းဆတ်တွင် ငွေကျပ်သိန်း ၁၁,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
July 11, 2020
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်မှာ ငွေကျပ်သိန်း ၁၁,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ‌ ဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၇ ရက်နေ့ ညနေ ၃ နာရီလောက်က မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်းမှာ ပလတ်စတစ်အိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၁,၃၂ဝ ပြား၊ စိတ်ကြွရူးသွပ်ဆေးအမှုန့် ၁၂.၅ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား(ရေစိုပျက်စီး) သုည ဒသမ ၀၂ ကီလို၊ ကဖင်း ၂,၅ဝဝ ကီလို၊ WY စာတန်းပါ သံမို ၅၂ ချောင်း၊ စာတန်းမပါ သံမို ၈၅ ချောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။  အလားတူ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါခါးကျေးရွာအနီး၊ တောအတွင်းမှ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀,၀၀၀ ပြားနဲ့ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024