ဗင်းနစ်မြို့ ရေမမြုပ်စေရန် ကာကွယ်မည့် အရံအတား စမ်းသပ်

ဗင်းနစ်မြို့ကို ရေမမြုပ်အောင် ကာကွယ်ပေးမယ့် MOSE  အရံအတား စမ်းသပ်မှုကို  ဇူလိုင်လ  ၁၀ ရက်က ပြုလုပ်ခဲ့ပါတယ်။  ဗင်းနစ်မြို့မှာ စံချိန်တင်  ဒီရေမြင့်တက်ခဲ့ပြီးနောက်  သမိုင်းဝင် တူးမြောင်းတွေ၊ ရင်ပြင်တွေ နဲ့နန်းတော်တွေ ရေမြုပ်ခဲ့ပြီး လအတော်ကြာမှာ ဒီသရုပ်ပြ စမ်းသပ်မှုကို ပြုလုပ်ခဲ့တာပါ။   ဝန်ကြီးချုပ် ကွန်တေက  ဂိတ်တံခါး ၇၈ ခုစလုံး  ရေပေါ် တပြိုင်နက် တက်စေတဲ့  ကွန်ပျူတာစနစ်ကို  ပထမဆုံးအကြိမ် ဖွင့်လိုက်ပြီးနောက်မှာ အဝါရောင်အရံအတား တန်းကြီးက ရေပေါ်  ပေါလော တက်လာခဲ့ပါတယ်။    ယူရိုငွေ ဘီလီယံပေါင်းများစွာ ကုန်ကျတဲ့  ဒီစီမံကိန်းကို ၁၉၈၄ ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့ပေမယ့်  အသုံးချရမယ့်အချိန် ကျော်လွန်လို့ ဆယ်စုနှစ် တစ်ခုကြာတောင်  မပြည့်စုံသေးဘဲ ဖြစ်နေပါတယ်။   နောက်ပြီး MOSE စီမံကိန်းမှာ ခြစားမှုတွေနဲ့ သတ်မှတ်ကုန်ကျစရိတ်ထက် ကျော်လွန်တာတွေ ရှိနေပါတယ်။  ဒါကြောင့်  ဒီစီမံကိန်းကို လာမယ့်နှစ်အထိ အပြည့်အ၀ လည်ပတ်နိုင်မှာ မဟုတ်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up