အမေရိကန်နှင့်ထိုင်း မဟာဗျူဟာစာချုပ် လက်မှတ်ထိုး

1.4K
အမေရိကန်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြိး ဂျိမ်းစ်မက်ကွန်ဗီးလ်ဟာ ထိုင်း ဝန်ကြီးချုပ် ၊ ထိုင်းတပ်မတော်အကြီးအကဲတို့နဲ့ ဇူလိုင်လ ၉ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ဗိုလ်ချုပ်ကြိး မက်ကွန်ဗီးလ်ဟာ ထိုင်းနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး နောက် မဟာဗျူဟာ စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘန်ကောက်ရှိ အမေရိကန်သံရုံးက စာချုပ်ပါ အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိ ပေမဲ့ ခေတ်မီတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပူးတွဲစစ်ရေးလေ့ကျင့်ရေးတို့ကို ဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှဒေသတွင်း အမေရိကန်ဟာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရင်ဆိုင် ဖို့ ကြိုးစားနေပါတယ်။
မကြာသေးခင်ကလည်း ဗီယက်နမ်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ကျွန်းတွေအနီးမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့လို့ အမေရိကန်က တောင်တရုတ်ပင်လယ်ထဲကို လေယာဉ်တင်သင်္ဘော နှစ်စီး လွှတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။