Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ၁၈ နှစ်ပြည့်မည့် လူငယ်မဲဆန္ဒရှင် ၃ သိန်းခန့်ရှိ
DVB
·
July 11, 2020
လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းအတွင်း ၁၈ နှစ်ပြည့်ကြမယ့် လူငယ်မဲဆန္ဒရှင် ၃ သိန်းလောက်ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွဋ်ဦးက “တနိုင်ငံလုံး အတိုင်းတာနဲ့ ၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တွက်ချက်ထားတဲ့ စာရင်းတွေအရ ၁၈ နှစ်ပြည်မယ့် မဲဆန္ဒရှင် ၅ သန်းကျော်ရှိပြီး မကွေးတိုင်းအတွင်းမှာတော့ ၃ သိန်းလောက်ရှိနိုင်တယ်” လို့ ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းတွေကို သက်ဆိုင်ရာမဲရုံတွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ စတင်ကြေညာတော့မှာဖြစ်လို့ မဲဆန္ဒရှင်အနေနဲ့ နိုင်ငံသားအခွင့်ရေးမဆုံးရှုံးရအောင် မိမိတို့အမည်စာရင်းပါမပါ သွားရောက်ကြည့်ရှုကြဖို့ မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က တိုက်တွန်းလိုက်ပါတယ်။ “လက်ရှိစာရင်းတွေအရ မကွေးတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင်အရေအတွက် ၃၂ သိန်းကျော်ရှိနေပြီး တပ်မတော်သား မဲဆန္ဒရှင်တွေစာရင်းရရင်တော့ အရေအတွက် တိုးလာနိုင်တယ်။ ရွေးကောက်ပွဲအပေါ်မှာ ပြည်သူ စိတ်ဝင်စားလာအောင် မှန်ကန်တဲ့ မီဒီယာတွေကနေ ဖော်ပြပေးဖို့လိုအပ်ပြီး ပါတီတွေအနေနဲ့လည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မဲဆွယ်စည်းရုံးကြဖို့ လိုအပ်တယ်။” မကွေးတိုင်းအမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲရုံပေါင်း ၄၄၇၇ ရုံရှိကာ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ စာရင်းအရ ၄၅၂၇ ရုံရှိပြီး မဲရုံအရေးတွက်တိုးလာတာကြောင့် ဝန်ထမ်းအင်အား တိုးမြှင့်တာဝန်ပေးရမယ်လို့ ဆိုပါတယ်။ မဲစာရင်းတွေ ကြေညာတဲ့ အချိန်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီမံတွေနဲ့ ပြုလုပ်သွားမယ်လို့ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024