အာဖရိကနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ရန် အရေးတကြီး လိုအပ်

1K
ကိုဗစ်-၁၉ ကပ်ဘေးမှာ ဆေးစစ်တာတွေနဲ့ ပြည်သူတွေကို Mask တပ်ခိုင်းတာမျိုးတွေ အာဖရိကနိုင်ငံတွေမှာ အရေးတကြီးလိုအပ်နေပါတယ်။
အာဖရိက ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲကလည်း တတိုက်လုံးမှာ အသစ်တွေ ကူးစက်နှုန်းဟာ ပြီးခဲ့တဲ့အပတ်အတွင်း ၂၄ ရာခိုင်နှုန်း မြင့်မားလာပြီး ကပ်ဘေးဟာ အရှိန်အပြည့်အဝနဲ့ ရောက်နေပြီလို့လည်း ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အစိုးရတွေဆီက အချက်အလက်တွေအရပဲ အာဖရိကတတိုက်လုံးမှာ အတည်ပြု လူနာ ၅ သိန်း ၁ သောင်းကျော်နဲ့ သေဆုံးသူက ၁၂၀၀၀ နီးပါး ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ကူးစက်နှုန်းတွေရဲ့ ၇၁ ရာခိုင်နှုန်းမှာ အီဂျစ်၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ ဂါနာနဲ့ အယ်လ်ဂျီးရီးယားစတဲ့ ၅ နိုင်ငံ ပါဝင်နေပါတယ်။