လာလီဂါတွင် လောင်းကစားကုမ္ပဏီများ၏စပွန်ဆာကို စပိန်အစိုးရ တားမြစ်

စပိန်အစိုးရဟာ ဘောလုံးအသင်းတွေကို လောင်းကစားကုမ္ပဏီတွေက စပွန်ဆာပေးတာ တားမြစ်လိုက်တာကြောင့် ကလပ်တွေအတွက် ဝင်ငွေလျော့ကျဖို့ရှိနေပါတယ်။  မာကာသတင်းစာရဲ့အဆိုအရ စားသုံးသူရေးရာဝန်ကြီး အယ်ဘာတိုဂါဇွန်ဟာ လောင်းကစား ကုမ္ပဏီတွေက စပွန်ဆာပေးတာကို တားမြစ်ဖို့ ဆုံးဖြတ်ခဲ့သလို လောင်းကစားကြော်ငြာတွေကို လည်း မနက် ၁ နာရီကနေ ၅ နာရီအချိန်အတွင်းမှာပဲ ထုတ်လွှင့်ပြသဖို့ တားမြစ်ခဲ့ပါတယ်။  လာလီဂါမှာ ကလပ်အသင်း ၈ သင်းက လောင်းကစားကုမ္ပဏီတွေနဲ့ ဂျာစီရင်ဘက်စပွန်ဆာ ချုပ်ဆိုထားတာပါ။  ဗလင်စီယာအသင်းက Bwin လောင်းကစားကုမ္ပဏီနဲ့ ယူရို ၄ သန်းတန် ၃ နှစ်စာချုပ်ချုပ်ဆို ထားပြီး စပိန်အစိုးရရဲ့တားမြစ်ချက်ကြောင့် စာချုပ်ဖျက်သိမ်းရတော့မှာပါ။  အလားတူ ဆီဗီလာ၊ အိုဆာဆူနာ၊ လီဗန်တေး၊ ဂရန်နာဒါ၊ အလာဗက်စ်၊ လီဟီနက်ဇ်နဲ့ မာယော့ကာ အသင်းတွေဟာလည်း လောင်းကစားကမ္ပဏီအမျိုးမျိုးနဲ့ စပွန်ဆာစာချုပ်ထားပါ တယ်။  ဘောလုံးကွင်းအမည်ကိုလည်း လောင်းကစားကုမ္ပဏီတွေရဲ့အမည် ပေးခွင့်မရှိ သလို ဘောလုံးကွင်းတွေထဲက လောင်းကစားကုမ္ပဏီတွေရဲ့ကြော်ငြာတွေကိုလည်း သက်ဆိုင်ရာ ကလပ် အလိုက်ကန့်သတ်ချက်တွေ ထုတ်ပြန်ရမယ်လို့သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up