Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်ကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
July 8, 2020
ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ထပ်မံစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး မရှိဘူးလို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Victory Day of Great Patriotic War ၇၅ နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၂၅ ရက် ညပိုင်းက နေပြည်တော်လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်နေရာတွေ Home Quarantinေ၊ Facilities Quarantine စနစ်တကျနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၇ ရက်နေ့တွေမှာ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေယူပြီး Polymerase Chain Reaction (PCR) နည်းနဲ့ နှစ်ကြိမ် ဓာတ်ခွဲ စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးမတွေ့တာကြောင့် ဒီနေ့ကစပြီး လုပ်ငန်းတာဝန်တွေ ပြန်ထမ်းဆောင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ ပြည်တွင်းကူးစက်မှု မတွေ့ရတော့ဘဲ ပြည်ပက ပြန်လာသူတွေမှာသာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၆၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရပြီး အသွားအလာကန့်သတ်ထားသူ ၂၃၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024