Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်ရှိ ရေတံခွန်နှင့် အပန်းဖြေစခန်း အားလုံး ယာယီပြန်ပိတ်
DVB
·
July 8, 2020
လာရောက်လည်ပတ်သူ များပြားတာကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ရေတံခွန်နဲ့ အပန်းဖြေစခန်းအားလုံးကို ယာယီပြန်လည် ပိတ်သိမ်းလိုက်ပြီလို့ ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းညွှန့်က ဒီဗွီဘီကို ပြောပါတယ်။ ဒီအပန်းဖြေစခန်းတွေကိုတော့ ကျိုက်ထိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပြန်လည်ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ကျိုက်ထိုမြို့နယ်မှာတော့ ကဒတ်ချောင်း အပန်ဖြေစခန်းနဲ့ ဆောင်နိုင်ကြီး ရေတံခွန်တွေဟာ နေ့စဉ် လာရောက်လည်သူတွေ ရာချီ ရှိနေတာ ဖြစ်ပြီး ရုံးပိတ်ရက်တွေဆိုရင် လူဦးရေ ထောင်နဲ့ချီ လာရောက်လည်ပတ်နေတာပါ။ ဒီရေတံခွန်နဲ့ အပန်းဖြေစခန်းကို လာရောက်လည်ပတ်သူတွေ Mask မတပ်တာ၊ ရေကူးတာတွေကြောင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နိုင်တဲ့အခြေအနေကြောင့် ပြန်လည် ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်နေ့အထိ ယာယီပြန်သိမ်းလိုက်ခဲ့တာ ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်ကာလကိုတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ် မူတည်ပြီး လုပ်ဆောင်သွားဖို့ ရှိနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024