ဖီးလ်နဗီးလ်၏သား ဟာဗေးကို မန်ယူအသင်း ၁ နှစ်သက်တမ်းတိုး

မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်ရဲ့ သားဖြစ်သူ ဟာဗေးဟာ မန်ယူအသင်းနဲ့ ပရော် ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုလိုက်ပါတယ်။  ၂၀၁၈ ခုနှစ်ကတည်းက မန်ယူအသင်းအကယ်ဒမီဆီရောက်ရှိနေတဲ့ ဟာဗေးဟာ သူ့ရဲ့ဖခင် ဖီးလ်နဗီးလ်နဲ့ ဦးကြီးဖြစ်သူ ဂယ်ရီနဗီးလ်တို့လိုပဲ နောက်ခံအစွန်နေရာမှာ ကစားပါတယ်။  မန်ယူအသင်းဟာ အသက် ၁၈ နှစ်ပြည့်မြောက်ခဲ့တဲ့ ဟာဗေးကို တစ်နှစ်သက်တမ်းတိုး ခဲ့တာဖြစ်ပြီး ယူ ၂၃ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။  ယူနိုက်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးနိုင်ခဲ့လို့ ပျော်ရွှင်မိပြီး မိသားစုဝင်တွေနဲ့ နည်းပြတွေကို ကျေးဇူးတင်တယ်လို့ ဟာဗေးက တွစ်တာကနေ ပြောပါတယ်။  ဟာဗေးဟာ အိုင်ယာလန်လူငယ်အသင်းတွေနဲ့ ဗလင်စီယာလူငယ်အသင်းမှာလည်း ကစားခဲ့ဖူးပါတယ်။ ကွင်းလယ်မှာ ကစားခဲ့တဲ့ ဟာဗေးဟာ လက်ရှိအချိန်မှာတော့ ညာနောက်ခံလူနေရာမှာ ကစားနေသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up