ဓာတ်ခွဲနမူနာ ၁,၄၅၉ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့
DVB
·
July 8, 2020
ဇူလိုင် ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၄၅၉ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၈၄ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၄၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၂၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၁၈၈ ခု နဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၂၁၂ ခု၊ စုစုပေါင်း ၁,၄၅၉ ခုအား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၁၆၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရပြီး အသွားအလာကန့်သတ်ထားသူ ၂၃၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ သန်းနီးပါး၊ သေဆုံးသူ ၅၄၆,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၆ ဒသမ ၈ သန်းကျော်ရှိတယ်လို့ သိရပါတယ်။