တရုတ်တိုင်ပေအမျိုးသမီးအသင်းကို အနိုင်ကစားမည်ဟု မြန်မာအသင်းပြော

ြမန်မာအမျုိးသမီးအသင်း
မေ ၂၅ ရက်ညမှာ နောက်ဆုံး အဆုံးအဖြတ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် တရုတ် (တိုင်ပေ) အမျိုးသမီးအသင်းကို ကစားကွက်အသာ၊ နောက်တန်းလုံခြုံမှုအသာနဲ့ အနိုင်ကစားမယ်လို့ မြန်မာအမျိုးသမီးအသင်းအုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_39833" align="alignleft" width="150" caption="ဒေါ်မြတ်မြတ်ဦး (ဓာတ်ပုံ - MFF)"][/caption] “ကျမတို့ နည်းဗျူဟာနဲ့တွက်ကြည့်လိုက်ရင် ကျမတို့ကစားကွက်က သူတို့ကစားကွက်ထက် သာတယ်ဆိုတော့ ကျမတို့ရဲ့ နောက်တန်းကိုလည်း အဓိကယုံတယ်။ နောက်တန်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမား မိုးမိုးဝါ ပါမယ်။ မျိုးဆက်သစ်ကစားသမား ခင်သန်းဝေကလည်း နောက်တန်း တော်တော်လုံတယ်။ အဓိက ကိုယ့်နောက်တန်းကို ယုံကြည်တာပေါ့။ ကျမကတော့ တရုတ်တိုင်ပေအသင်းကို နိုင်မယ်လို့ တွက်ထားပါတယ်။ အရင်ကလည်း တရုတ်တိုင်ပေ အမျိုးသမီးအသင်းနဲ့တွေ့တိုင်း မြန်မာအသင်းက အနိုင်ရရှိခဲ့တာ များတယ်လို့ ဆိုပါတယ်။ “အရင်ပွဲစဉ်တုန်းက သူတို့နဲ့ တွေ့ဖူးတယ်။ သူတို့နဲ့ ကျမတို့ သရေကျတာရှိတယ်၊ တခါတလေ ကျမတို့ ၁-၀၊၂-၁ အဲလိုမျိုးနဲ့ နိုင်ခဲ့တယ်။ အတိတ်က သူတို့နဲ့ တွေ့တိုင်း နိုင်ခဲ့တာ များတယ်။ ဒီနှစ် ကျမတို့အသင်းက အရင်နှစ်ထက် ပိုကောင်းတယ်။ နည်းပြချုပ် ကုမာဒါလက်ထက်မှာ ဘယ်လိုကောင်းလဲဆိုတော့ အရင်တုန်းက အသက်နည်းနည်းကြီးတဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို အခြေခံထားတယ်။ ဒီတခေါက်မှာတော့ အတွေ့အကြုံရှိသူတွေရော၊ မျိုးဆက်သစ် ရွက်ပုန်းသီးတွေရော ဖြည့်စွက်ထားတော့ အသင်းက ပိုကောင်းလာတယ်။” [caption id="attachment_39834" align="alignright" width="300" caption="မြန်မာအမျိုးသမီးအသင်း"][/caption] အခုအာရှဖလား ခြေစစ်ပွဲအချို့ ကစားပြီးနောက် မြန်မာအမျိုးသမီးအသင်းရဲ့ အားနည်းချက်ဟာ ရှေ့တန်းဖြစ်ပြီး ဂိုးသွင်း မသေချာဘူးလို့ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။ တရုတ်တိုင်ပေအသင်းနဲ့ ကစားမယ့်ပွဲမှာ ရှေ့တန်းအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေကိုလည်း အခုလိုပြောပါတယ်။ “ရှေ့တန်းကို ကျမတို့ နေရာလေးတွေ နည်းနည်းလေးပြောင်းမယ်။ ပထမတွဲခဲ့တဲ့အတွက် ဂိုးရတဲ့ဟာ နည်းတယ်ဆိုရင် ကျမတို့ ပြန်ပြင်ရတော့မှာပေါ့။ ရှေ့တန်းဂိုးသွင်းမသေချာတာက စိတ်လောတာတွေလည်း ပါတယ်။ သူတို့ရဲ့စိတ်ခံစားမှုလေးတွေကို ပြန်နားလည်အောင် သီအိုရီပိုင်းအရ တချိန်လုံး ကျမတို့ ပြောနေရတာပေါ့။” မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ တပွဲပြီးတပွဲ ခြေစွမ်းပိုကောင်းလာသလို ခြေစမ်းပွဲကစားတာပဲဖြစ်ဖြစ်၊ ဘယ်ပွဲမဆို အနိုင်ရရှိအောင် ကစားမယ်ဆိုတဲ့ စိတ်ဓာတ် ပြင်းထန်ကြတယ်လို့ ပြောပါတယ်။ ပါလက်စတိုင်းမှာ ၂၀၁၄ ခုနှစ် အာရှဖလားခြေစစ်ပွဲ ပြိုင်ပွဲဝင်နေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ပွဲဦးထွက်မှာ အိန္ဒိယအမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး ဂိုးမရှိ၊ အိမ်ရှင်ပါလက်စတိုင်းကို ၉ ဂိုး ဂိုးမရှိ တို့နဲ့ အနိုင်ရရှိထားပြီး ဂိုးကွာခြားချက်အသာနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ မနက်ဖြန် တရုတ်တိုင်ပေအသင်းကို ခြေစစ်ပွဲ အောင်မြင်ပါက ၂၀၁၅ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ခွင့် ရရှိမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းကို အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းကို အားပေးသလိုမျိုး အားပေးကြဖို့လည်း အသင်းအုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက မြန်မာဘောလုံးပရိသတ်ကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up