A d v e r t i s e m e n t With Us

တရုတ်နိုင်ငံတွင် ကျောင်းကားတစီး ရေလှောင်ကန်ထဲ ထိုးကျ

တရုတ်နိုင်ငံရဲ့အနောက်တောင်ပိုင်းမှာ ဇူလိုင် ၇ ရက်နေ့က အထက်တန်းကျောင်းသားတွေကို တင်လာတဲ့ ဘတ်စ်ကားတစ်စီး ရေလှောင်ကန်ထဲ ထိုးကျခဲ့တယ်လို့ သိရပါတယ်။  ကွေ့ကျိုးပြည်နယ် အန်းရွှန်မြို့မှာ  ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုဖို့သွားတဲ့  ကျောင်းသား ဘတ်စ်ကားတစီးဟာ ရေလှောင်ကန်ထဲ ထိုးကျခဲ့တာဖြစ်ပြီး သေဆုံးသူ အရေအတွက်ကို မသိရသေးဘူးလို့ နိုင်ငံပိုင်  CCTV  သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံတလွှားမှာ မိုးကြီးမှုကြောင့်  သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသူ ၁၁၉ ယောက် ရှိနေတာပါ။ ကွေ့ကျိုး၊ အန်ဟွေး၊ ဟူနန်နဲ့ ဟူဘေးပြည်နယ်တွေမှာ မိုးရေချိန်  မီလီမီတာ ၂၅၀ ကနေ ၂၈၀ အတွင်း ရွာမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။  တရုတ်နိုင်ငံတဝန်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား ၁၁ သန်းနီးပါး ရှိတာမို့ မိဘတွေအနေနဲ့ မိုးလေဝသ ကြိုတင်သတိပေးချက်တွေကို အလေးထားပြီး စာမေးပွဲဖြေဆိုရာမှာ ဘေးကင်းအောင် ဂရုတစိုက် ပြင်ဆင်ကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up