မော်လမြိုင်တွင် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
DVB
·
July 7, 2020
၅၈ နှစ်မြောက် ဆဲဗင်း ဇူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မှာ ဇူလိုင် ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားကို မော်လမြိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အပါအဝင် မော်လမြိုင် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ မွန်ပြည်နယ်အတွင်က ကျောင်းသား သမဂ္ဂအားလုံး စုပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ။
ဒီအောက်မေ့ဖွယ် အခမ်းအနားမှာ ဘာသာကြီး ၄ ခုနဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်ကျောင်းသားတွေအတွက် ဆုတောင်းခဲ့ကြပါတယ်။
ဒီအောက်မေ့ဖွယ် အခမ်းအနားဟာ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို နောင်လာနောင်သားတွေ သိရှိအောင်နဲ့ ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်ဆောင်းတွေကို သတိရအောက်မေ့တဲ့အနေနဲ့ ရည်ရွယ်လုပ်ဆောင်တာလို့ မော်လမြိုင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ မင်းသံဇဉ်ဦးက ပြောပါတယ်။
ဆဲဗင်း ဇူလိုင် အခမ်းအနားမှာတော့ ကျဆုံးခဲ့တဲ့ ကျောင်သားတွေကို အလေးပြုတာ၊ ကဗျာရွတ်တာအပြင် မော်လမြိုင် ကျိုက်သုတ်ဘုရားမှာ ဆီးမီးထွန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။