Home
မြန်မာသတင်း
မောင်တောခရိုင်အတွင်း တရားမဝင်ပြန်လာသူ ၂၈ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆ လစီချမှတ်
DVB
·
July 7, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားမဝင် ပြန်လာသူ ၂၈ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးတင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ "သူတို့ကို လူသားချင်းစာနာထောက်ထားမှု အပြည့်ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ သူတို့ပြန်လည်ဝင်ရောက်လာတာဟာ ဒီဒေသမှာရှိနေတဲ့ လူတွေ အတွက် အင်မတန်အန္တရာယ်ရှိနေတယ်။ ရောဂါကူးစက်ပြီး ပါလာတာတွေလည်း ရှိနေတဲ့အတွက် ဒီဒေသက Comunity နှစ်ခုလုံးက လူတွေလည်း လိုလားနေကြတယ်။ အထက်ကလည်း တာဝန်ပေးချက်အရ အခုလို တရားစွဲဆိုရတာ။" ဘူးသီးတောင်မြို့နယ်အတွင်း တရားမဝင် ပြန်လာသူ ၁၅ ဦးကို ခိုးဝင်ခိုးထွက် ဥပဒေပုဒ်မ ၁၃ (၁)၊ အားပေးကူညီမှု ၁၃ (၅) တို့နဲ့ တရားစွဲတင်ခဲ့ပြီး ၁၃ ဦးကို ဇူလိုင်လ ၆ ရက်နေ့မှာ ဘူးသီးတောင် မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ကလေးသူငယ် ၁ ဦးကိုတော့ အုပ်ထိန်းသူများထံအပ်နှံခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန် (UEHRD) စာရင်းတွင်ပါရှိသူ ၁ ဦးကိုတော့ တရားရုံးက လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ မောင်တောမြို့နယ်မှာလည်း တရားမဝင် ပြန်လာသူ ၁၉ ဦး အား ခိုးဝင်ခိုးထွက် ဥပဒေပုဒ်မ ၁၃ (၁) နဲ့ တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာ ၄ ဦး၊ ဇူလိုင် ၂ ရက်နေ့မှာ ၄ ဦး၊ ဇူလိုင်လ ၃ ရက်နေ့မှာ ၇ ဦး စုစုပေါင်း ၁၅ ဦးကို မောင်တောမြို့နယ်တရားရုံးမှ အလုပ်နဲ့ ထောင်၆ ဒဏ် ၆ လစီချမှတ်ခဲ့​ပါတယ်။ အသက်မပြည်သူ ၂ ဦးကို အုပ်ထိန်းသူများထံအပ်နှံကာ UEHRD အစာရင်းပါ ၂ ဦးကို လွှတ်ပေးခဲ့တယ်လို့ မောင်တောမြို့နယ်တရားရုံးက သိရပါတယ်။ မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာလ တရားမဝင် ပြန်လည်ဝင်ရောက်လာသူ ၈၀ လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေမပါဘဲ စုစုပေါင်း ၃၄ ဦးအား ၁၉၄၇ လဝကဉပဒေနဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ်ကာလအတွင်း ထောင်ဒဏ်ချမှတ်ခဲ့တာ ဇူလိုင် ၆ ရက်နေ့အထိ ၂၈ ဦး ရှိပြီဖြစ်ပါတယ်။  မောင်တောခရိုင် မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့တွေမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေကနေ ကိုဗစ်-၁၉ ရောဂါပိုး ၈ ဦး တွေ့ရှိထားပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024