ဂျပန်တွင် ရေဘေးကြောင့် သေဆုံးသူ ၅၀ ထက်မနည်း ရှိလာ၊ ဒါဇင်ချီ ပျောက်ဆုံး

1.1K
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရေဘေးသင့်ဒေသတွေမှာ သေဆုံးသူ အရေအတွက် အယောက် ၅၀ ထက်မနည်း ရှိလာပြီး ပျောက်ဆုံးသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျူရှူးကျွန်း အနောက်တောင်ပိုင်းမှာ ထပ်မံမိုးကြီးနိုင်တယ်လို့ အစိုးရက ဇူလိုင်လ ၇ ရက်မှာ သတိပေးထားပါတယ်။
နိုင်ငံအနောက်ပိုင်းကနေ အရှေ့ပိုင်းထိ ဒေသအတော်များများမှာ ဇူလိုင် ၉ ရက်အထိ မိုးရွာနိုင်တယ်လို့ အစိုးရအဖွဲ့ အကြီးအကဲက ပြောဆိုပါတယ်။
ဖူကူအိုကာ၊ နာဂါဆာဂီနဲ့ ဆာဂါဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပြီး လူတွေ အသက်အန္တရာယ်ကင်းစေဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဖို့ ညွှန်ကြားထားပါတယ်။
ကျူရှူးဒေသက ပြည်သူ ၁ ဒသမ ၂၂ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားတယ်လို့လည်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။