ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်ယူအသင်းက အနီးဆုံးပြိုင်ဘက်ဟု ချဲလ်ဆီးနည်းပြပြော

ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်ယူအသင်းက အနီးဆုံးပြိုင်ဘက် ဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ပြောလိုက်ပါတယ်။ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းဟာ အဆင့် ၅ နေရာက မန်ယူအသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာပါ။  မန်ယူနိုက်တက်အသင်းက အလွန်တောင့်တင်းတဲ့အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။  ယူနိုက်တက်အသင်းမှာ တဦးချင်း ထူးချွန်တဲ့ ကစားသမားကောင်းတွေ ရှိသလို တိုက်စစ်ပိုင်းမှာလည်း ဂိုးတွေ အများကြီးသွင်းထားတဲ့ ကစားသမားကောင်းတွေ ရှိတယ်လို့ လမ်းပတ်က မန်ယူအသင်းကို ချီးကျူးခဲ့ပါတယ်။  ဒါပေမယ့် ပရီးမီးယားလိဂ်မှာ မထင်မှတ်တာတွေ ဖြစ်နိုင်တာကြောင့် တပွဲချင်းစီကိုပဲ အာရုံစိုက် ကစားသွားရမယ်လို့ လမ်းပတ်က သုံးသပ်ခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ ဒီကနေ့ည ၁၁နာရီခွဲမှာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။  အဲဒီပွဲစဉ်မှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေနဲ့ ကိုဗာချစ်တို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြလမ်းပတ်က အတည်ပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up