
Lead Story နိုင်ငံတကာ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း
အိန္ဒိယက ကိုဗစ်-၁၉ လူနာ ၇ သိန်း ၂ သောင်းကျော်နှင့် ကူးစက်မှုတတိယအများဆုံးဖြစ်လာ
Email This Story :
အိန္ဒိယနိုင်ငံဟာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ သိန်း ၂ သောင်းကျော်နဲ့ ရုရှားကို ကျော်လွန်ပြီး ကမ္ဘာ့လူနာ အများဆုံးတွေ့တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။
အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ဇူလိုင် ၆ ရက်နေ့မှာ ၂၄ နာရီအတွင်း၊ တနိုင်ငံလုံးအသစ်တွေ့ အတည်ပြုလူနာဦးရေ ၂၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါဟာ တနင်္ဂနွေနေ့က စံချိန်တင်အရေအတွက် နှစ်သောင်းခွဲတွေ့တာထက် နည်းပါတယ်။
အိန္ဒိယမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။
အိန္ဒိဟာ အမေရိကန်နဲ့ ဘရာဇီး ပြီးရင် ကပ်ဘေးကြောင့် ကမ္ဘာ့တတိယမြောက် အထိခိုက်ဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။