ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ ရက်အတွင်း ၂ သိန်းကျော်ရှိ

1K
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ကမ္ဘာတဝန်း မြင့်တက်နေပြီး တနင်္ဂနွေနေ့ တရက်တည်းမှာပဲ လူ ၂ သိန်းကျော် ကူးစက်ခံရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
တကမ္ဘာလုံး အတည်ပြုလူနာ ၁၁ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူက ၅ သိန်း ၃ သောင်း ကျော်ရှိပြီလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ကူးစက်နှုန်းအမြင့်မားဆုံးဖြစ်နေပြီး အတည်ပြုလူနာ စုစုပေါင်းစာရင်းက ၂ ဒဿမ ၈၇ သန်း ရှိနေပါတယ်။
ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်စာရင်းအရ ဘရာဇီးမှာလည်း အတည်ပြု လူနာ ၁ သန်း ၆ သိန်းကျော်ပါတယ်။
စပိန်က ဂယ်လီစီယာဒေသမှာလည်း တနင်္ဂနွေနေ့ကပဲ အသွားအလာ ထိန်းချုပ်ကန့်သတ်မှု လော့ဒေါင်း ပြန်လုပ်နေရပါတယ်။
ဒေသခံပြည်သူ ၇ သောင်းလောက်ဟာ ဇူလိုင်လ ၆ ရက်ကနေ ၁၀ ရက်အထိ မြို့ထဲက မြို့ပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ရိုက်တာက ရေးပါတယ်။