တိုကျိုအစိုးရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် မစ္စယုရီကို ထပ်မံအနိုင်ရ

တိုကျိုအစိုးရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ဇူလိုင် ၅ ရက်နေ့က ကျင်းပခဲ့ရာ လက်ရှိ အုပ်ချုပ်ရေးမှူး မစ္စယုရီကို ခိုအိခဲ Yuriko Koike က ဒုတိယအကြိမ်အဖြစ် မဲအပြတ်နဲ့ အနိုင်ရတယ်လို့ ဂျပန်သတင်းဌာနအန်အိပ်ချ်ကေက ကြေညာခဲ့ပါတယ်။ သတင်းကြေညာသူအဖြစ်မှ နိုင်ငံရေးလောကထဲ ၀င်လာခဲ့သူ မစ္စယုရီကိုခိုအိခဲ Yuriko Koike ဟာ ဂျပန် အာဏာရလစ်ဘရယ်ဒီမိုကရက်ပါတီ (LDP) မှာရှိစဉ် ကာကွယ်ရေး၀န်ကြီး၊ သဘာ၀ဘေးပတ်၀န်းကျင်ဆိုင်ရာ၀န်ကြီး တာ၀န်တွေကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ ကိုင်ရိုတက္ကသိုလ်မှ ဘွဲ့ရယူထားပြီး အာရေဗီယားဘာသာစကားနဲ့ အင်္ဂလိပ်စကားတို့ပါ ကျွမ်းကျင်စွာ ပြောဆိုနိုင်သူတဦး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲလို တနိုင်ငံလုံးက စိတ်၀င်တစား စောင့်ကြည်တဲ့ တိုကျိုမြို့တော်ရွေးကောက်ပွဲမှာ ၂၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ မစယုရီကို ခိုအိခဲရဲ့ လက်ရှိ ကိုဗစ်-၁၉ ကပ်ဘေးကာလ တုံ့ပြန်ကိုင်တွယ်ဖြေရှင်းမှုနဲ့ အိုလံပစ် ကျင်းပမယ့် လုပ်ဆောင်မှုတွေအပေါ် တိုကျိုမြို့သူမြို့သားတွေက ကြည့်ရှုရွေးချယ်ခဲ့ကြတာလို့ သိရပါတယ်။ အသက် ၆၇ နှစ်အရွယ် မစ္စယုရီကိုခိုအိခဲဟာ ရွေးကောက်ပွဲ မဲဆွယ်မှုကို ဗွီဒီယိုရိုက်ကူး အင်တာနက်တင်ခြင်းသာ ပြုလုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up