အမေရိကန်ရှိ နိုက်ကလပ်တခုတွင် ပစ်ခတ်မှုဖြစ်၍ ၂ ဦးသေဆုံး

1.6K
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ဂရင်းဗေလီက နိုက်ကလပ်တခုမှာ ဇူလိုင် ၅ ရက်က ပစ်ခတ်မှုဖြစ်လို့ လူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရငြိမ်ဝပ်ပိပြားရေးရုံးက ပြောပါတယ်။
ပြည်နယ်ရဲ့မြို့တော် ကိုလံဘီယာရဲ့အနောက်မြောက်ဘက် မိုင် ၁၀၀ အကွာမှာ ဒေသစံ တော်ချိန် မနက် ၂ နာရီလောက်က ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဒေသခံမီဒီယာ NBC က ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပြီး ပစ်ခတ်မှုဟာ ဂိုဏ်းတွေနဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ ငြိမ်ဝပ်ပိပြားရေး အရာရှိကို ကိုးကားဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကပ်ဘေးအတွင်း နိုက်ကလပ်တွေကို ဆက်ပိတ်ထားဖို့ အုပ်ချုပ်ရေးမှူးက အထူးအမိန့်ထုတ်ပြန်ထားပါတယ်။