အသက် ၄၃ နှစ်အထိ ဘောလုံးဆက်ကစားမည်ဟု ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန် ပြော

1K
အနည်းဆုံးအသက် ၄၃ နှစ်အထိ ဘောလုံးဆက်ကစားသွားမယ်လို့ ဂျူဗင်တပ်ဂိုးသမားကြီး ဘတ်ဖွန်က ပြောလိုက်ပါတယ်။
အသက် ၄၂ နှစ်ရှိ အီတလီဂိုးသမားဘက်ဖွန်ဟာ ဂျူဗင်တပ်အသင်းနဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ရာသီအထိ ဆက်ရှိနေတာ့မှာဖြစ်ပါတယ်။
တိုရီနိုကို အနိုင်ရခဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး အေစီမီလန်နောက်ခံလူဟောင်း ပေါ်လိုမာဒီနီ ရဲ့ စီးရီးအေပွဲ အများဆုံးစံချိန်ကို ၆၄၈ ပွဲ ကစားပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အီတလီစီးရီးအေ ပွဲအများဆုံးကစားသမားတဦးဖြစ်စေမယ့် မှတ်တမ်းအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပေမယ့် ပြဿနာတခုတော့ မဟုတ်ကြောင်း ဘတ်ဖွန်က ပြောပါတယ်။
အနည်းဆုံးအသက် ၄၃ နှစ်အထိ ကစားမှာဖြစ်ပြီး ဘောလုံးပွဲစဉ်တွေ ကစားနေရတာ ထက်ပ ပျော်ရွှင်တဲ့အရာမရှိဘူးလို့ ဘတ်ဖွန်ကပြောပါတယ်။
ဘက်ဖွန်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ တရာသီကြာ ပြောင်းရွှေ့ကစားခဲ့ပြီး အခုနှစ်ရာသီအစမှာ ဂျူဗင်တပ်အသင်းက ပြန်လည်ခေါ် ယူခဲ့တာပါ။
အသက် ၄၂ နှစ်ရှိ ဘတ်ဖွန်ဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားပေးထားပါတယ်။