တိုင်ရင်းသားများကို မတရားပြုကျင့်မှုအပေါ် ဆစ်ဒနီတွင် လူထောင်ချီ ဆန္ဒပြ

1.2K
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လူမည်းရဲ့အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့ကြပြီး လူထောင်ပါဝင်ခဲ့ကြပါတယ်။
ရဲတွေ ထိန်းသိမ်းထားတာ ခံရချိန်မှာ တိုင်းရင်းသားတွေအပေါ် မတရားပြုကျင့်မှုကို သတိထားမိအောင် ရည်မှန်းဆန္ဒပြတာလို့ သိရပါတယ်။
ရဲအချုပ်ထဲမှာ သူတို့ ကလေးတွေ သေဆုံးခဲ့ရတဲ့ မိဘတွေ အတော်များများကလည်း သူတို့ ကလေးတွေအကြောင်းကို ဆန္ဒပြပွဲအတွင်း ဖွင့်ပြောခဲ့ကြပါတယ်။
ဆစ်ဒနီမြို့ရဲ့ လောင်းဘေးထောင်ထဲမှာ ၂၀၁၅ ခုနှစ်က အချုပ်ခံထားရချိန်မှာ အသက်ရှူ မရတော့ဘူးလို့ ပြောဆိုတောင်းပန်ပေမယ့် ချုပ်ထားခဲ့တဲ့ အကျင့်စာရိတ္တ ပြုပြင်ရေး အရာရှိတွေ ကြောင့် သေဆုံးသွားသူရဲ့ ဖခင်လည်း ဒီဆန္ဒပြပွဲကို တက်ရောက်ပါတယ်။
သြစတြေးလျနိုင်ငံတွင်း လူဦးရေရဲ့ ၃ ရာခိုင်နှုန်းသာရှိတဲ့ အဘောရီးဂျင်း တိုင်းရင်းသား တွေနဲ့ တောရက်စ် ရေလက်ကြားကျွန်းသားတွေဟာ ထောင်သားဦးရေရဲ့ ၂၈ရာခိုင်နှုန်းအထိ ရှိနေ တယ်လို့ သြစတြေးလျစာရင်းအင်းဗျူရိုက ပြောပါတယ်။
မြောက်ပိုင်းပြည်နယ်မှာတော့ ထောင်သား ၈၄ ရာခိုင်နှုန်းဟာ တိုင်းရင်းသားတွေ ဖြစ်နေပြီး မြောက်ပိုင်းပြည်နယ် လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။