ဓာတ်ခွဲနမူ ၉၅၈ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ပိုးကင်းစင်သူ ၂၄၁ ဦး ရှိပြီ
DVB
·
July 6, 2020
ဇူလိုင် ၅ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၉၅၈ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၉၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၀၀ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၆၂ ခု၊ စုစုပေါင်း ၉၅၈ ခုအား စစ်ဆေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၄၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၂ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၂၂၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၅၃၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၆.၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။