ဗြိတိန်တွင် ကန့်သတ်ချက်တချို့ ဖြေလျှော့၊ ဘားနှင့်စားသောက်ဆိုင်များ ပြန်ဖွင့်

ဗြိတိန်မှာ ဇူလိုင် ၄ ရက်ကစလို့ အသွားအလာ ထိန်းချုပ်တဲ့ လော့ဒေါင်းကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးလိုက်ပြီး ဘားတွေ၊ စားသောက်ဆိုင်တွေ နဲ့ ဆံပင်ညှပ်ဆိုင်တွေ ပြန်ဖွင့်နေပါတယ်။ ဒီလိုဆိုင်တွေ ပြန်ဖွင့်လိုက်တဲ့အတွက် ဗြိတိန်ပြည်သူတွေက အထူးစနေနေ့ "Super Saturday" လို့ ခေါ်ခဲ့ကြပါတယ်။  ဒါပေမဲ့ ဆိုင်တွေမှာ လက်ဆေးရည် hand sanitizers တွေ ထားပေးတာနဲ့  လာရောက်သူ တွေဟာ ပါးစပ်နှာခေါင်းစည်း Mask တပ်ရမယ်ဆိုတဲ့ စည်းကမ်းတွေတော့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဘားလာရောက်သူအများစု Mask မတပ်ဘဲ သွားလာနေကြတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဘားတွေဟာ ဇူလိုင် ၄ ရက်နေ့ ပြန်ဖွင့်ခွင့်ရပေမဲ့ အရင်က လူ ၁၆၀ ထိ လက်ခံနိုင်တဲ့ ဆိုင်ဟာ အခုဆို အများဆုံး ၄၈ ဦးပဲ လက်ခံနိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up