အမေရိကန်တွင် ကိုဗစ်-၁၉ လူနာ ၂.၉၃ သန်းကျော်နှင့် သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိလာ

အမေရိကန်ပြည်ထောင်စုအတွင်း ဒီနေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂.၉၃ သန်းနဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ နယူးယောက်ပြည်နယ်က ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုအများဆုံးပြည်နယ် ဖြစ်နေဆဲဖြစ်ပြီး အတည်ပြုလူနာ ၃၉၆,၅၉၈ ဦးနဲ့ သေဆုံးသူလည်း ၃၂,၁၅၇ ဦး ရှိထားပါတယ်။  ဖလော်ရီဒါပြည်နယ်မှာ ဇူလိုင်လ ၄ ရက် တရက်တည်း အတည်ပြုလူနာသစ် ၁၁,၄၅၈ ဦး တွေ့ခဲ့ပါတယ်။  ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်စာရင်းအရ အတည်ပြုလူနာ ၁ သိန်းကျော်စီ တွေ့ရတဲ့ ပြည်နယ်တွေထဲမှာ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ နယူးဂျာဆီ၊ အီလီနွိုက်နဲ့ မက်ဆာ ချူးဆက်ပြည်နယ်တို့လည်း ပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ဇူလိုင် ၄ ရက်နေ့က အမေရိကန် လွတ်လပ်ရေးနေ့ ကျင်းပခဲ့တာမို့ ပြည်နယ် ၃၆ ခုထက် မနည်းမှာ ကူးစက်မှု ပိုတိုးလာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ တနိုင်ငံလုံးရဲ့ အစိတ်အပိုင်းအတော်များများမှာ ရိုးရာပွဲလမ်းသဘင်တွေ၊ ပွဲစဉ်တွေကို ဖျက်သိမ်းလျှော့ချထားပြီး လူစုလူဝေးလုပ်တာဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး အရှိန်မြင့်လာစေ နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up