Home
မြန်မာသတင်း
ချောက်မြို့တွင် ပြန်ဖွင့်ခွင့်ပြုထားသည့် စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေး
DVB
·
July 5, 2020
မကွေးတိုင်း၊ ချောက်မြို့မှာ ကိုဗစ်-၁၉ ကာလ ပြန်လည်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဇူလိုင် ၄ ရက်နေ့က ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ မြို့နယ်စည်ပင်သာယာအဖွဲ့အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။ “အဓိက ဆိုင်ပိုင်ရှင်တွေက Mask မတပ်ဘူး၊ Face shield မတပ်ဘူး၊ Apron မဝတ်ထားဘူး၊ ဆိုင်ထိုင်တဲ့ လူတော်တော်များများကလည်း နှာခေါင်းစည်း တပ်မထားဘူး၊ အဲဒါတွေ ဖြစ်နေတာ။ စည်းရုံးဆောင်ရွက်ရဖို့ အနေအထားဖြစ်နေတယ်။”  ချောက်မြို့နယ် ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်ကြီးကြပ်ရေးဦးစီးဌာနတို့ ပူပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲ့က ချောက်မြို့ရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၈၀ ကျော်ထဲက ဆိုင် ၃၀ ကို ပထမအကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ တပတ် တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို နှစ်ကြိမ် သတိပေးအဆင့် ဆောင်ရွက်မှာဖြစ်ပြီး တတိယအကြိမ်မှာတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ပါဆယ်စနစ်သာ ခွင့်ပြုခဲ့တဲ့ ဆိုင်တွေကို ကျန်းမာရေးလမ်းညွှန်မှုအရ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးရည်ထားဖို့ အပါအဝင် ရောင်းချသူ လိုက်နာဖို့ အချက် ၁၁ ချက်၊ ဆိုင်မှာ ပြင်ဆင်ထားဖို့ အချက် ၁၁ ချက်နဲ့ စားသုံးသူလိုက်နာဖို့ အချက် ၅ တို့နဲ့  ဇွန်လဆန်းပိုင်းက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024