ရုရှားနိုင်ငံတွင် အပူလှိုင်းကြောင့် တောမီး လောင်ကျွမ်း

1.1K
ရုရှားနိုင်ငံအတွင်း အပူလှိုင်းက ဝေးလံသီခေါင်တဲ့ ဆိုက်ဘေးရီးယား ဒေသနဲ့ အရှေ့စွန်း ဒေသတွေကို ဖြတ်သန်းသွားလို့ တောမီးတွေ ကျယ်ကျယ်ပြန့်ပြန့် လောင်ကျွမ်းနေတဲ့အတွက် မီးသတ်လေယာဉ်တွေနဲ့ ငြှိမ်းသတ်နေရပါတယ်။
မီးဟာ ယာကုတီယန် ချုကို့ကာ၊ မာဂါဒန်၊ ကရတ်စ်နိုရာ့စ်ခ် နဲ့ ကမ်ချတ်ကာ ဒေသတွေထဲက သစ်တောမြေ ဟက်တာ ၃ သန်းကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သစ်တောဝန်ကြီးဌာနက ပြောပါတယ်။
ဆိုက်ဘေးရီးယား အရှေ့မြောက်ပိုင်းမှာ အပူချိန် ၃၈ ဒီဂရီ စဲလ်စီးယပ်စ်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ဆိုးရွားပြင်းထန်တဲ့ အပူလှိုင်းကို ခံစားနေရပါတယ်။
တောမီးလောင်ရတဲ့ အဓိက အကြောင်းရင်းက မိုးကြိုးပစ်တာကြောင့် ဖြစ်တယ်။ ဒီဒေသက ဝေးလံသီခေါင်လွန်းလို့ လေယာဉ်တွေ လေထီးစစ်သည်တွေကသာ မီးငြှိမ်းသတ်နိုင်မယ့် တခုတည်းသော နည်းလမ်းပဲလို့ ဒေသန္တရ သစ်တောဌာန အကြီးအကဲက ပြောပါတယ်။