ကိုရိုနာကပ်ဘေးကာလ ဇွန်ဘီ ပြကွက်များကို ဂျပန်အနုပညာရှင်အဖွဲ့ တင်ဆက်

2.6K
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရဘဲ ဇွန်ဘီတွေကို အနီးကပ် ရှုစားလိုတဲ့ ပရိသတ်အတွက် ဂျပန်အနုပညာရှင်အဖွဲ့တစ်ဖွဲ့က ကြောက်မက်ဖွယ်ပြကွက်တွေကို မော်တော်ကားပေါ်ကနေ ခံစား လို့ ရအောင် တင်ဆက်ပေးနေပါတယ်။
ဒီလိုသည်းထိပ်ရင်ဖို ပြကွက်တွေ ကြည့်ချတဲ့ ပရိသတ်တွေဟာ မြို့တော် တိုကျိုက ကား ဂိုဒေါင်တစ်ခုထဲကို တစ်ကြိမ်မှာ ကားတစ်စီးသာ ဝင်ပြီး ရှုစားရမှာပါ။
အဲဒီနောက်မှာတော့ သရဲသဘက်တွေလို ဝတ်စားထားတဲ့ သရုပ်ဆောင်တွေက ကားကို ထုရိုက်တာတွေ၊ကားမှန်ကို သွေးတုတွေနဲ့ ဖျန်းပက်တာတွေ လုပ်ပါတော့တယ်။
“မော်တော်ကားပေါ်ကနေ ရှုစားတော့ တစ်ဦးနဲ့တစ်ဦး လူချင်းထိတွေ့တာကို ရှောင်ရှားနိုင်တယ်” လို့ သရဲအိမ်ပရိုဂျူဆာ ကန်တာ-အီယာဝါနာက ဇူလိုင်လ ၃ ရက်က ဆိုပါ တယ်။
ဒီကြောက်မက်ဖွယ် တင်ဆက်မှုကို ယူကျူ့မှာ တင်ဆက်တဲ့ ဂျာမန်ပြတိုက်လေ့လာရေး ဇာတ်လမ်းကို အတုယူပြုလုပ်ထားပြီး ကိုဗစ်-၁၉ ကြောင့် မော်တော်ကားပေါ်ကနေ ကြည့်တဲ့ အစီအစဉ်မျိုး တင်ဆက်တာလို့ အီယာဝါနာက ဆိုပါတယ်။
ကပ်ရောဂါ မတိုင်ခင်က ကိုဝါဂါရာဆက်တာအီ အပန်းဖြေဥယျာဉ်မှာ ဒီလိုရှိုးတွေ လုပ်ခဲ့ ပေမယ့် အဲဒီနေရာတွေကို ပိတ်ပစ်ပြီး လူတွေ အိမ်မှာ နေကြတာကြောင့် ပွဲကြည့်ဖို့ လက်မှတ်ယူ သူဟာ ၈၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
အခုတော့ ဒီလို ဇွန်ဘီပြကွက်တွေကို ကားပေါ်ကနေ ရှုစားဖို့ တစ်ဖွဲ့ကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာအထိ ကျသင့်တယ်လို့ အီယာဝါနာက ပြောပါတယ်။
ဒါပေမဲ့ ကလေးငယ်တွေကတော့ အိမ်မှာပဲ ဆက်နေသင့်ပါတယ်လို့ အီယာဝါနာက အကြံပြုခဲ့ပါတယ်။