ပါကစ္စတန်တွင် ကားနှင့်ရထားတိုက်၍ ဘုရားဖူး ၁၉ ဦး သေဆုံး

1.2K
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဇူလိုင်လ ၃ ရက်က ရထားတစ်စီးနဲ့ ခရီးသည်တင်ဗင်ကား တစ်စီးတို့ တိုက်မိပြီး ဆစ်ခ်ဘာသာဝင်ဘုရားဖူး ၁၉ ယောက်သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ သေဆုံးသူတွေထဲမှာ ကလေး နှစ်ဦးလည်း ပါဝင်ပြီး အားလုံးဟာ ပါကစ္စတန်အနောက်ပိုင်း ပတ်ရှ်ဝါမြို့မှာနေသူတွေလို့ ဆိုပါယ်။ အဲ့ဒီမှာ ဆစ်ခ်လူမျိုး လေးသောင်းလောက်ရှိပါတယ်။
ဖြစ်စဉ်က နိုင်ငံရဲ့အကြီးဆုံးပြည်နယ်ဖြစ်တဲ့ ပန်ဂျပ်က ရှိတ်ခ်ပူရနမြို့နားမှာ မောင်းနှင်သူ မပါတဲ့ ရထားက ခရီးသည်တွေပါတဲ့ ကားကို တိုက်မိတာလို့ ရိုက်တာသတင်းက ရေးပါတယ်။
အတိုက်ခံရတဲ့ ကားပေါ်မှာ ခရီးသည် ၂၅ ဦးပါပြီး အားလုံးဟာ ဆစ်ခ်ဘာသာဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဆစ်ခ်ဘာသာဝင်တွေဟာ လူနည်းစုအသိုက်အဝန်းဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။