Home
မြန်မာသတင်း
ဒုက္ခသည်ကလေးများ ကျောင်းတက်ရန် အခက်ကြုံ
DVB
·
May 22, 2013
ကျောင်းဖွင့်ရာသီရောက်ပေမယ့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မိတ္ထီလာနဲ့ နန့်ခမ်းမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ကျောင်းနေအရွယ်ကလေးတွေ ဒီစာသင်နှစ်အမီ ကျောင်းတက်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ မူလတန်းကျောင်းသာ ရှိတာကြောင့် အလယ်တန်းနဲ့ အထက်တန်းတက်မယ့် ကလေးတွေ အဝေးမှာသွားတက်ဖို့ အဆင်မပြေတာနဲ့ ကျောင်းသုံးပစ္စည်း လိုအပ်တာတွေ ရှိတယ်လို့ ရာနီးကချင်ဒုက္ခသည်ကော်မတီ ပြောခွင့်ရသူက ပြောပါတယ်။ [caption id="attachment_35723" align="alignright" width="300" caption="မိုင်ဂျာယန်ဒုက္ခသည်စခန်းမှ ကလေးငယ်များ"][/caption] “ဘောပင်၊ ခဲတံတွေက အစ သူတို့မှာ လိုအပ်တာလေ။ တချို့မှာ ယူနီဆက်ဖ်အဖွဲ့တွေက ထောက်ပံ့တာ ရှိတယ်။ ဒါပေမယ့် အားလုံးနေရာတွေကိုတော့ မထောက်ပံ့နိုင်ဘူးလေ။ မထောက်ပံ့နိုင်တဲ့ စခန်းတွေမှာ လိုအပ်ပါတယ်။ ကျောင်းသားကျောင်းသူ ၃၀၀၀ လောက်အတွက် လိုအပ်တာပါ။ အလယ်တန်းကနေ အထက်တန်းတက်ဖို့က လိုင်ဇာနဲ့ မိုင်ဂျာယန်မှာပဲ ရှိတယ်။” ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးကြောင့် ဆရာ၊ ဆရာမ မလုံလောက်တာမျိုးတွေ ကြုံရတယ်လို့ ရခိုင်ပြည်နယ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ကော်မတီ ဥက္ကဋ္ဌ ဒေါ်စောခင်တင်ကပြောပါတယ်။ မိတ္ထီလာမြို့က ကျောင်းဆရာတဦးကတော့ မနှစ်ကထက် ကျောင်းသားလျော့နိုင်တယ်လို့ ပြောပါတယ်။ “သံသယလေးတွေတော့ ရှိကြတာပေါ့။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ခွဲခြားမှုတွေ ရှိမလားဆိုပြီး စိတ်ထဲမှာ ထင်ရင်လည်း ထင်ကြမှာပေါ့။ အဲဒီ စိတ်လေးတွေရှိပြီး ကျောင်းသားလျော့မယ့် အနေအထားတော့ ရှိနိုင်တယ်။ ” ဒုက္ခသည် အိမ်ထောင်စုပေါင်း ၄၀၀ ခန့်နေထိုင်တဲ့ နန့်ခမ်းမြို့နယ် နေ၀န်းနီက ကျောင်းနေအရွယ်ကလေးတွေကတော့ ကျောင်းပြောင်းလက်မှတ် ပါမလာတဲ့အတွက် အတန်းသစ် တက်ခွင့်မရဘဲ မနှစ်က အတန်းမှာပဲဆက်နေရမယ်ဆိုတဲ့ အခက်အခဲရှိတယ်လို့ ပလောင်အမျိုးသမီးအစည်းအရုံးက အလုပ်အမှုဆောင် ဒေါ်လွင်မိုခမ်းက ပြောပါတယ်။ “ထွက်ပြေးလာကြတုန်းက ကျောင်းထွက်လက်မှတ် မပါကြဘူးလေ။ ဥပမာ မနှစ်က ၂ တန်းကလေးက ဒီနှစ်မှာ ၂ တန်းပဲ ပြန်တက်ရမယ်တဲ့။ စာမေးပွဲအောင်ပေမယ့် ကျောင်းလာအပ်ချိန်မှာ ကျောင်းပြောင်းလက်မှတ်မပါလာတော့ ပြီးခဲ့တဲ့နှစ် တက်ခဲ့တဲ့ အတန်းပဲ ပြန်တက်ခိုင်းတယ်။ ကချင်ဘက်မှာဆိုရင် တချို့ရွာတွေ ပြန်လို့တောင်မရတော့ဘူး။ တချို့လည်းရချင်ရမယ်။ သူတို့ကတော့ ပြန်လို့မရသေးဘူး။ ကျောင်းပြောင်းလက်မှတ်သွားယူဖို့က တော်တော်ဝေးတယ်၊ လမ်းစရိတ်လည်း မရှိဘူးပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024