ကိုဗစ်-၁၉ စမ်းသပ်ကုသဆေးအဖြေ ၂ ပတ်အတွင်း ရမည်ဟု WHO ကြေညာ

1.2K
ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ အစွမ်းထက်နိုင်တဲ့ စမ်းသပ်ကုသဆေးတွေရဲ့ အဖြေကို သီတင်းနှစ်ပတ်အတွင်း ရရှိတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လ ၃ ရက်မှာ ပြောလိုက်ပါတယ်။
တပေါင်းတစည်းတည်း စမ်းသပ်မှုမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံက လူနာ ၅,၅၀၀ နီးပါးကို ခေါ်ယူထားတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။
ကိုဗစ်-၁၉ ကို ကုသရာမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဆေးတွေအဖြစ် အပိုင်း ၅ ပိုင်းခွဲပြီး တပေါင်းတစည်းတည်း စမ်းသပ်မှုကို စတင်ခဲ့တာပါ။
အဲဒီအတွက် စမ်းသပ်ကုသဆေးတွေမှာ ရမ်ဒီးဆေဗ ၊ ဟိုက်ဒရော့ဇီကလိုရိုကွင်း၊ HIV ကုသ ဆေးဖြစ်တဲ့ လိုပီနာဗာ/ ရီတိုနာဗာနဲ့ အဲဒီဆေးနှစ်မျိုးနဲ့ အင်တာဖီလွန်ဆေး စပ်ဆေးအတွဲတို့ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်အချိန် အဆင်သင့်ဖြစ်မလဲဆိုတာ ခန့်မှန်းတာဟာ ဉာဏ် အမြော်အမြင်နည်းရာ ကျလိမ့်မယ်လို့လည်း WHO အရေးပေါ်လုပ်ငန်းများအစီအစဉ် အကြီးအကဲ မိုက်ရိုင်ယန်က ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။