မက္ကဆီကို၌ ဇူလိုင် ၃ ရက်တွင် ကိုဗစ်-၁၉ လူနာသစ် ၆၇၄၀ ဦး တွေ့ရှိ၊ ၆၅၄ ဦး သေဆုံး

1.1K
မက္ကဆီကိုနိုင်ငံမှာ ဇူလိုင်လ ၃ ရက်ကပဲ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆,၇၄၀ ဦး တွေ့ရှိ ခဲ့ပါတယ်။
ရိုက်တာသတင်းရဲ့ စာရင်းအရ ဒါဟာ တနိုင်ငံလုံးအတည်ပြုလူနာဦးရေ စုစုပေါင်း ၂၄၅,၂၅၁ ဦးရှိခဲ့တာဖြစ်ပါတယ်။
မက္ကဆီကိုကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရလည်း သောကြာနေ့မှာ သေဆုံးသူက ၆၅၄ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၂၉,၈၄၃ ဦး ရှိနေပါပြီ။
သမ္မတ အိုဘရာဒါက တိုင်းပြည်ဟာ ကပ်ဘေးကို ထိန်းချုပ်နိုင်ပြီလို့ ပြောခဲ့တဲ့ နှစ်လကျော် အကြာမှာ အခုလိုကူးစက်နှုန်းနဲ့သေဆုံးနှုန်းက ဘရာဇီး၊အမေရိကန်ပြည်ထောင်စုတို့လို မြင့်တက် လာနေတာပါ။
အစိုးရကလည်း အမှန်တကယ်ကူးစက်ခံရသူဦးရေဟာ အတည်ပြုလူနာစာရင်းထက် ပိုများ မယ်လို့ ထုတ်ပြန်ထားပါတယ်။