Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူ ၁၁ ဦးအား ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချ
DVB
·
July 4, 2020
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ကို ​ဘင်္ဂလားဒေရှ်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ ၁၁ ဦးအား လဝက ဥဒေပုဒ်မ ၁၃(၁) နဲ့ မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ မောင်တောမြို့နယ်တရားရုံးမှ တာဝန်ရှိသူတဦးက "ဇူလိုင်လ ၂ ရက်နေ့ မှာ ၄ ဦး၊ ဇူလိုင်လ ၃ ရက်နေ့မှာ ၇ ဦး၊ စုစုပေါင်း ၁၁ ဦး အမိန်းချပြီးပြီ။ ဇူလိုင် ၃ ရက်နေ့မှာ အသက်မပြည့်သူ ကလေး ၂ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးကို အပ်နှံလိုက်တယ်။ UEHRD အစီအစဉ်စာရင်းမှာ ပါလာသူ ၂ ဦးကတော့ လွတ်မြောက်သွားတယ်" လို့ ပြောကြားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးမယူဘဲ ကိုဗစ်-၁၉ ရောဂါကာလ တရားမဝင်  ပြန်လည်ဝင်ရောက်လာတဲ့ အယောက် ၈၀ ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ဖယ်ထုတ်ပြီး ကျန် ၂၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေတာလို့ ဆိုပါတယ်။ မောင်တောမြို့နယ်မှာ  လဝက ဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ခံထား ရသူ ၁၉ ဦး၊ ဘူးသီးတောင်မြို့နယ်မှာတော့ ၁၀ ဦးရှိပြီး အမိန့်မချရသေးဘူးလို့  ခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက သိရပါတယ်။ မောင်တောခရိုင်အတွင်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေထဲမှာ ကိုဗစ်-၁၉ ရောဂါပိုး ၈ ဦး တွေ့ရှိပြီးနောက်ပိုင်း တရားမဝင် ဝင်ရောက်လာကြသူတွေကို ပထမဆုံး အကြိမ် အရေးယူ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ထောင်ဒဏ်ချမှတ်ခံရသူတွေကိုတော့ ဘူးသီးတောင် အကျဉ်းထောင်ကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024