မြစ်ရေတိုက်စားသဖြင့် မင်းကင်းအလယ်တန်းကျောင်း ပြိုကျမည့်အန္တရာယ်ရှိ၊ မြေထိန်းနံရံလုပ်ပေး ရန် တောင်းဆို

ချင်းတွင်းမြစ်​ရေတိုက်စားလာမှု​ကြောင့် စစ်ကိုင်းတိုင်း​၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်၊ ​မြောက်ချွန်း​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်း ပြိုကျပျက်စီးမှာကို ​ဒေသခံ​တွေ စိုးရိမ်​နေကြပြီး မြေထိန်းနံရံတည်ဆောက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ချင်းတွင်းမြစ်​ရေတိုက်စားမှုဒဏ်ဟာ နှစ်စဉ် သိသိသာသာတိုက်စားလာတာ​ကြောင့် ကိုယ်ထူကိုယ်ထလုပ်​ဆောင်မှုနဲ့ မလုံ​လောက်နိုင်​တော့ဘူးလို့ဆိုပါတယ်။ နိုင်ငံ​တော်အစိုးရအ​နေနဲ့ ၂၀၁၅ ခုနှစ်တုန်းက ​ရေကာတာတည်​​ဆောက်​ပေးခဲ့ပေမဲ့ တည်​ဆောက်ပြီး မကြာခင် ပျက်စီးသွားခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။  ပျက်စီးသွားပြီး​နောက်ပိုင်း ​ရေတိုက်စားတာ ကာကွယ်ဖို့ ဒေသခံတွေ လုပ်အားနဲ့ နှစ်စဉ်ပြုလုပ်နေပေမဲ့ ထိ​ရောက်စွာ မကာကွယ်နိုင်ခဲ့ဘဲ အခုအခါ​ စာသင်​ကျောင်းနဲ့မြစ်ကမ်းပါး အလွန်နီးကပ်လာတဲ့အတွက် နိုင်ငံ​တော်ကို အကူညီ​​တောင်းခံရတာလို့ ​​ဒေသခံပြည်သူ​တွေက ပြောပါတယ်။ ​​မြောက်ချွန်း​ကျေးရွာ​နေ မမိုးစန္ဒာဦးက​ "အခုဆိုရင် ​မြေကြီး​တွေကလည်း ပြိုကျ​နေပါပြီရှင့်၊ ကျမတို့ ရပ်သူရပ်သား​တွေ စု​ပေါင်းပြီး လုပ်တဲ့အချိန်​တောင် မြင်တဲ့အတိုင်းဖြစ်​နေပါတယ်။ ဒါ​ကြောင့် နိုင်ငံ​​တော်အကြီးအကဲ​တွေအ​နေနဲ့ ​မြေထိန်းနံရံကို အမြန်ဆုံးချ​ပေးဖို့ ​တောင်းဆိုပါတယ်ရှင့်" လို့ ပြောပါတယ်။ ​​မြောက်ချွန်း​ကျေးရွာ ဦး​ဆွေသိန်း​က "ဒီကမ်းပါးပြိုတဲ့အတွက် ကျ​နော်တို့​ ကျေးရွာ​နေပြည်သူများက တနှစ်တခါ သဲအိပ်ဆင့်ပြီး လုပ်​နေကြရတာပါ။ ဒီ​ကျောင်းဟာ စိုးရိမ်စရာရှိတယ်" လို့​ပြောပါတယ်။ အစိုးရက ၂၀၁၅ မှာ မြေထိန်းနံရံကို ပျဉ်မျောနဲ့ လာလုပ်သွားပေမဲ့ ၂ နှစ်​လောက်​အကြာမှာ ပျက်စီးသွား​တာကြောင့် အခုလို တောင်းဆိုရတာလို့ မြောက်ချွန်း​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦး​အောင်ဆန်းဝင်းက​ ပြောပါတယ်။ “အခုချိန်မှာမြင်တဲ့အတိုင်း တိုင်​လေး​တွေ တစ်တိုင်နှစ်တိုင်​လောက်ပဲရှိ​တော့တာ။ ဒါကို ရပ်ရွာအင်အား နဲ့ လုပ်မယ်ဆို​တော့လည်း ဘယ်လိုမှမတတ်နိုင်တဲ့အတွက် နိုင်ငံ​တော်ကို အကူညီ​တောင်းခံရခြင်းဖြစ်ပါတယ်။ ဒီစာသင်​ဆောင်​တွေ သဘာဝ​ဘေးကျ​ရောက်သွားမယ်ဆိုရင် ကုန်ကျစရိတ်လည်း မလွယ်ပါဘူး။ အဲဒါ​ကြောင့် ​မြေထိန်းနံရံကို နိုင်ငံ​တော်ကချ​ပေးရင် အားလုံး​ကောင်းသွားမှာပါ” လို့​ ပြောပါတယ်။ ​မြောက်ချွန်း​ကျေးရွာ အ​​ခြေခံပညာအလယ်တန်း​ကျောင်းမှာ KG တန်းက​နေ ၈ တန်းအထိ ပညာသင်ကြား​နေကာ ​ကျောင်းသားဦး​ရေ ၁၆၀ ​ကျော်ရှိပြီး ​ယောစုရွာ၊ စိုင်​သေရွာ၊ မြောက်ချွန်းရွာ စတဲ့​ကျေးရွာ​တွေက ​ကျောင်းသား​ကျောင်းသူတွေ လာ​ရောက်ပညာသင်ယူ​နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up