Home
မြန်မာသတင်း
ပန်းတနော် ရွေးကောက်ပွဲကော်မရှင် မီဒီယာများကို တရားဝင်ဖြေကြားရန် ငြင်းဆို
DVB
·
July 4, 2020
သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများမေးမြန်းမှုကို တရားဝင်ခွင့်မပြုသေးတာကြောင့် ပြန်လည်ဖြေဆိုဖို့အတွက် ဧရာတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံကို နယ်မြေခံ သတင်းမီဒီယာတွေက ဇွန်လ ၂၃ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ သွားရောက်မေးမြန်းချိန်မှာ ဇွန် ၂၉ ရက်နေ့ ကို ပြန်လည်ချိန်းဆိုခဲ့ပြီး ချိန်းဆိုတဲ့နေ့သွားရောက်ချိန်မှာလည်း စာတင်ပေးပါပြောဆိုပြီး ထပ်မံချိန်းဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီတိုင်းအခြေဆိုက် ဧရာဝတီတိုင်းမ်သတင်းဌာနက သတင်းထောက် ကိုအောင်သန်းဌေးက DVB ကိုပြောပါတယ်။ ဒေသခံသတင်းထောက်တွေက သိလိုတဲ့မေးခွန်းတွေကို စာတင်ပြီး ရက်ချိန်းပြည့်တဲ့ ဇူလိုင် ၃ ရက်နေ့ သွားရောက်သတင်းရယူချိန်မှာလည်း အထက်အဆင့်ဆင့် ညွှန်ကြားချက်ကျလာမှ တရားဝင်ဖြေခွင်ရှိမယ်လို့ ကန့်သတ်ထားကြောင်း တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့တယ်လို့ ဒေသခံသတင်းထောက်တွေက ပြောပါတယ်။ အခုလို သတင်းယူခွင့်မပေးတာနဲ့ ပတ်သက်ပြီး ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်က "တိုင်း၊ ခရိုင်၊ မြို့နယ် အစည်းအဝေးမှာ မီဒီယာတွေ မေးချင်တာကို စာနဲ့ ရေးပြီးတင် ဖြေသင့်တဲ့ မေးခွန်းတွေပါတဲ့ အချက်အလက်တွေကို အထက်ကိုအဆင့်ဆင့် တင်ပြရမယ်၊ အထက်က ပြန်ကျလာမှ ပြန်လည်ဖြေကြားခွင့်ရှိမယ်" လို့ ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024