ဟောင်ကောင်လုံခြုံရေးဥပဒေသစ်အရ အမျိုးသား ၁ ဦး ပထမဆုံး စွဲချက်တင်ခံရ

1K
ဟောင်ကောင်လွတ်လပ်ရေးဆိုတဲ့ ဗွီနိုင်းကို သယ်လာပြီး ရဲတွေကို မော်တော်ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့ အမျိုးသားတစ်ယောက်ဟာ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်အရ ခွဲထွက်ရေး လှုံ့ဆော်မှု ၊ အကြမ်းဖက်မှုတို့နဲ့ ဇူလိုင်လ ၃ ရက်မှာ ပထမဆုံး စွဲချက်တင်ခံရပါတယ်။
ဇူလိုင် ၁ ရက် တရားမဝင် ဆန္ဒပြပွဲအတွင်း အသက် ၂၃ နှစ်အရွယ် တုန်ယင်ကီဆိုတဲ့ လူငယ်ဟာ ရဲဝန်ထမ်းတွေကို ဆိုင်ကယ်နဲ့ တိုက်ခဲ့ပြီး ရဲဝန်ထမ်း တချို့ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနောက် တုန်ယင်ကီကို ဆေးရုံပို့ခဲ့ပြီး သူဟာ ၂၄ နာရီအတွင်း စွဲချက်တင်ခံရပါတယ်။ ဟောင်ကောင် အစိုးရက သူသယ်လာတဲ့ ဗွီနိုင်းစာသားဟာ ဥပဒေသစ်အရ ခွဲထွက်ရေး လှုံ့ဆော်တဲ့ သဘောသက်ရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝေဖန်သူတွေကတော့ ဟောင်ကောင်လုံခြုံရေးဥပဒေသစ်ဟာ အစိုးရဆန့်ကျင်သူနဲ့ ဒီမိုကရေစီ ပိုမိုရရေး ကာလရှည် လှုပ်ရှားမှုကို ဖြိုခွင်းဖို့ ရည်ရွယ်တယ်လို့ ထောက်ပြကြပါတယ်။