ဘိုင်ယန်နှင့် ချန်ပီယံလိဂ်ဆုဖလား ရယူရန် ပစ်မှတ်ထားဟု ဆာနေးပြော

1.1K
ဘိုင်ယန်မြူးနစ်အသင်းမှာ ဥရောပချန်ပီယံဆုဖလားရယူနိုင်ဖို့က အဓိကပစ်မှတ်ဖြစ်တယ်လို့ ကစားသမားသစ် ဆာနေးက ပြောပါတယ်။
ဂျာမနီလက်ရွေးစင်ဆာနေးဟာ မန်စီးတီးအသင်းကနေ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့က အသင်းနဲ့ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ တောင်ပံတိုက်စစ်မှူးဆာနေးဟာ ဘိုင်ယန်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ အသင်းမှာဆက်ရှိမှာပါ။
ဘိုင်ယန်အသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေလည်း ရှိတာကြောင့် မိမိရဲ့ဆန္ဒနဲ့ တထပ်တည်းကျတဲ့ အသင်းဖြစ်တယ်လို့ ဆာနေးက ပြောပါတယ်။
အသင်းနဲ့အတူရနိုင်သမျှ ဆုဖလားတွေ အားလုံးရယူသွားချင်ပြီး သူ့အတွက် တခါမှ မရဖူးတဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားကတော့ အဓိကပစ်မှတ်ဖြစ်တယ်လို့ ဆာနေးက ပြောပါတယ်။
၂၀၁၆ ခုနှစ်က ဂျာမန်ကလပ်ရှော်ကေးကနေ မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့တဲ့ ဆာနေးဟာ မန်းစီးအတွက် စုစုပေါင်း ၁၃၅ ပွဲ ကစားခဲ့ပြီး ၃၉ ဂိုးသွင်းကာ၊ ၄၅ ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။