ပြင်သစ်နိုင်ငံတွင် အဲဘတ်စ်လေယာဉ်ကုမ္ပဏီဝန်ထမ်းများဆန္ဒပြ

ပြင်သစ်နိုင်ငံရှိ အဲဘတ်စ်လေယာဉ်ကုမ္ပဏီရဲ့ဝန်ထမ်းတွေက ဝန်ထမ်းလျှော့ချမှုအပေါ် မကျေနပ်လို့ ဇူလိုင် ၂ ရက်က ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဥရောပအကြီးဆုံး  လေကြောင်းအာကာသကုမ္ပဏီအဲဘတ်စ်ဟာ   လုပ်ငန်းမှာ အမြတ်ငွေ ၄၀ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက်  ကမ္ဘာလုံးဆိုင်ရာလုပ်သားအင်အား ၁၁ ရာခိုင်နှုန်း  လျှော့ချဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်  ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ဗြိတိန်တို့မှာ  လုပ်သားလျှော့ချမှာနဲ့ပတ်သက်လို့ စိုးရိမ်မှု တွေ ပေါ်ပေါက်နေပါတယ်။  ၂၀၂၁ နှစ်လယ်ပိုင်းအထိ အဲဘတ်စ်က  ပြင်သစ်မှာ လုပ်သားအင်အား ၅၀၀၀၊ ဂျာမနီမှာ ၅၁၀၀၊ စပိန်မှာ လုပ်သားအင်အား ၉၀၀၊ ဗြိတိန်မှာ ၁၇၀၀ နဲ့ တခြားနိုင်ငံ တွေမှာ   လုပ်သားအင်အား ၁၃၀၀၀ လျှော့ချမယ် အစီအစဉ်တွေကို ကြေညာထားပါတယ်။ ပြင်သစ်နိုင်ငံအနောက်ပိုင်း ဆွန်နာဇယ်အရပ်မှာလုပ်သား  ၄၀၀ နီးပါး လျှော့ဖို့ ပစ်မှတ်ထား တယ်လို့ အလုပ်သမားသမဂ္ဂကပြောကြားပြီး  စက်ရုံအပြင်ဘက်မှာ လုပ်သားတွေ စုဝေးကာ  ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ ပြင်သစ်အစိုးရက အလုပ်လျှော့ချရေးအစီအစဉ်သစ်ကို တရားဝင် ပြုလုပ်ပြီးတာနဲ့ လျှော့ချလုပ်သားအင်အား ၅ ပုံ ၁ ပုံကို ကယ်တင်နိုင်မယ်လို့ အငြိမ်းစားလူ့စွမ်းအားအရင်းအမြစ် ဌာနအကြီးအကဲ တစ်ဦးက ပြောပါတယ်။ အဲဒီအစီအစဉ်သစ်ဟာ နောက်သီတင်းပတ်အတွင်း ဖြစ်ဖွယ်ရှိတယ်လို့လည်း  ရိုက်တာက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up