Home
မြန်မာသတင်း
ဖားကန့်မြေပြိုကျမှုတွင် သေဆုံးသူ  ၁၂၆ ဦး၏ ရုပ်အလောင်းများတွေ့ရှိ၊ ၂၃ ဦးဒဏ်ရာရ
DVB
·
July 2, 2020
ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်မှာ  မိုးရွာသွန်းပြီး မြေပြိုကျခဲ့ရာမှာ ဒီနေ့ ညနေအထိ  သေဆုံးသူ ၁၂၆  ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ရှိသွားပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။  ဒီနေ့ မွန်းတည့် ၁၂ ရီကျော်လောက်အထိ သေဆုံးသူ ၁၁၃ ဦးရဲ့ အလောင်းတွေ့ရှိထား ပြီး ညနေ ၃ နာရီခွဲလောက်မှာတော့ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေ ထပ်မံရှာဖွေတွေ့ရှိခဲ့လို့ သေဆုံးသူ စုစုပေါင်း ၁၂၆ ဦးရဲ့  ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။ မြေပြိုမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ  ၂၃ ဦးကိုတော့  ဖားကန့်ဆေးရုံနဲ့ ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၈ နာရီလောက်က  ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး လုပ်ငန်းတွေ ယာယီရပ်နားထားတဲ့ ရတနာကြယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ရှိ အမြင့် ၁၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားတွေ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေတူးဖော်သူတွေ မျောပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပွားရာနေရာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ လူမှုကူညီရေးအသင်း အဖွဲ့တွေနဲ့ ဝှေခါကျေးရွာပြည်သူတွေက ကူညီရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024