ဘန်ကောက်ရှိ လိင်ဖျော်ဖြေသူများရှိရာ မီးနီရပ်ကွက် ပြန်ဖွင့်

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ထိုင်းနိုင်ငံမှာ အချိန် ၃လကျော် ပိတ်ထားခဲ့ရတဲ့ ဘန်ကောက်မြို့တော်က လိင်ဖျော်ဖြေသူတွေရှိရာ  မီးနီရပ်ကွက်ဟာ ဇူလိုင်လ ၁ ရက်မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ရေကူးဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ထားကြတဲ့ မီးနီ ရပ်ကွက်ကို လာတဲ့ဖောက်သည်တွေ အားလုံး ကိုယ်ပူချိန် စစ်ဆေးခံပါတယ် နာမည်နဲ့ ဖုန်းနံပါတ်ကိုလည်း ပေးရမှာဖြစ်ပြီး အထဲမှာတော့ လူတိုင်းတယောက်ကို ၃ပေ ခွာပြီး စင်မြင့်က နေဆိုရင်တော့ ၆ပေ ခွာပြီး နေဖို့ စည်းကမ်း သတ်မှတ် ထားပါတယ်။ ဘားတွေ၊ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေဟာ ပြန်ဖွင့်ဖို့ နောက်ဆုံးမှ ခွင့်ပြုတဲ့ စီးပွားရေး လုပ်ငန်းတွေပါ။  ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှု မရှိတာ ၃၇ရက် ကြာနေပါပြီ။ ဒါကြောင့် ညပိုင်းပွဲလမ်းသဘင်လုပ်ငန်းထဲက ထောင်သောင်းချီနေတဲ့ လူတွေဟာ ရှင်သန်ရပ်တည်ဖို့ ရုန်းကန်နေရာက အလုပ်ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အများပြည်သူဆိုင်ရာ နေရာတွေကို ပြန်ဖွင့်ပေးတာ သီတင်းပတ် တော်တော်များများ ကြာနေပြီး ကျောင်းတွေကိုတော့ ဗုဒ္ဓဟူးနေ့မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ ၃၁၇၃ ယောက် ရှိပြီး ကူးစက်ခံ ၅၈ယောက် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းစီးပွားရေးကတော့ တခြား အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးထက် ပိုကျဆင်းဖွယ်ရှိပြီး ဒီနှစ်ထဲမှာ နိုင်ငံခြားသားခရီးသည် လာရောက် လည်ပတ်မှု ၈၀ရာခိုင်နှုန်းထိ ကျဆင်းမယ်လို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up