Home
မြန်မာသတင်း
လူပျိုသီချင်း MTVနှင့် ပတ်သက်ပြီး တေးသံရှင်မနော တောင်းပန်
DVB
·
July 2, 2020
       ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ လူပျိုသီချင်းအမ်တီဗွီနဲ့ ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ်ကျောင်းသားတချို့ကို တေးသံရှင်မနောက ပြန်လည်တောင်းပန်လိုက်ပါ တယ်။        တေးသံရှင် မနောနဲ့အတူ မင်းသမီး အိချောပို ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ သူကျော်သူ ရိုက်ကူးထားတဲ့ အဆိုပါသီချင်းရုပ်သံဟာ ရတနာပုံတက္ကသိုလ် ကျောင်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲ တက္ကသိုလ်ဝန်းအတွင်းမှာ ရိုက်ကူးထားတာ၊ ရုပ် သံမှာ သရုပ်ဆောင်ထားမှုတွေဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ ဂုဏ်သိက္ခာကိုကျဆင်းတဲ့ ပုံစံမျိုးဖြစ်နေတယ်ဆိုပြီး ဇူလိုင်လ ၁ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပြီး ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ တစ်ပတ်အတွင်း တောင်းပန်ဖို့ တောင်းဆိုခဲ့ ကြတာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တေးသံရှင် မနောက သူ့ရဲ့ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် အချက် ၄ ချက်နဲ့ တောင်းပန် ကြောင်း ရေးသားမျှဝေထားခဲ့တာပါ။        သူ့အနေနဲ့ ဒီသီချင်းကို ကြည့်ရှုသူတွေ ပျော်ရွှင်စေချင်ရယ်မောစေချင်တဲ့ ဆန္ဒ တစ်ခုတည်းနဲ့သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ကြောင်းနဲ့ ရတနာပုံတက္ကသိုလ်ကြီးနဲ့ ကျောင်းသား ကျောင်းသူ လေးများ၊ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင် အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ တောင်းပန်ရတဲ့ ရည်ရွယ်ချက် ၄ ချက်ကိုတော့ ခုလိုရေးသားမျှဝေထားခဲ့ပြီး ခုလိုဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် တောင်းပန်တာနဲ့ အားရကျေနပ်မှုမရှိသေးရင်လည်း ကိုယ်တိုင်လာရောက်တောင်းပန်နိုင်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့)ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာ အရာရာ သတိထား ရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင်မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ ၂။ ကျနော် ကိုးကွယ် ဆည်းကပ်သောဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကို ကျနော်ကြောင့် မထိခိုက်စေလိုပါ🙏 ၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကို ချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ🙏 ၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ်        တေးသံရှင် မနောဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကာလတဝိုက် မြန်မာနိုင်ငံ နေရာအနှံ့     အကြားရဆုံးသီချင်းတပုဒ်ဖြစ်တဲ့ ဗိုလ်အောင်ဒင်လို လူကြမ်းသီချင်းနဲ့ တရှိန်ထိုး အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။        တကယ်တမ်းမှာတော့ သူဟာ စတီရီယိုတေးသီချင်းတွေနဲ့ ဂီတလောကအတွင်း စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး တေးရေး သဟာအောင် ရေးသားတဲ့ မြန်မာသံစဉ် သီချင်းတွေ သီဆိုရာမှအစပြုကာ ပရိသတ်အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗိုလ်အောင်ဒင် အပါအဝင် မိချော၊ ကျွန်တော်တို့ရွာ၊ ကြာဖြူ၊ သနပ်ခါးလေးနဲ့ မောင့်ချစ်သူစတဲ့ သီချင်းတွေဟာလည်း သူ့ကို တေးသံရှင် မနောလို့ အခိုင်အမာ ဖြစ်စေခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။ တေးသံရှင် မနောရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ်(Followers) ၂ သန်းနီးပါး ရှိနေခဲ့တာဖြစ်ပြီး ခုနောက်ဆုံးထွက်ရှိခဲ့တဲ့ လူပျိုသီ ချင်းရုပ်သံကိုတော့ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ခဲ့ကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ -လူပျိုသီချင်းရုပ်သံလင့်ခ် https://www.facebook.com/permalink.php?story_fbid=2722513774645342&id=1976683312561729&__xts__[0]=68.ARBVjKwtROD0kUv6PVkMi8seehDfUseo1W2co4MefLSv5kxQmZxUQF-h3sUFK164Pam1W5s6mcfuNGv1Rn4rfqtY3xj-7sRyU_8Zkhl8pfvORoUH8j-esl3anMeILzGjiDMUktsWmGsKFEcwufwbQEX5J41_jlVDfXkGa9Rb_ZO_iXcEk8O9VbWGdUrFcWjhfdhvEaOHC7j_GoHyh9VXhgHSDijPOqmUp8XL-YcL047Ba6b1kVdoLVxRxWsGYN6b-Pme_SgJZuW9J3W-nZcMQdUIEukJcdLtCB2QoTvbsTW9M6WUEXACbF0iS_JUsyEczSiJhJyGdUMUu04qmPzcXZ6wRCx4&__tn__=-R
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024