တစ်တော့အပလီကေးရှင်း အိန္ဒိယတွင် ပိတ်ပင်

မြန်မာပြည်မှာလည်း လူကြိုက်များလာနေတဲ့ တစ်တော့ အပလီကေးရှင်းကို အိန္ဒိယနိုင်ငံမှာ တော့ ပိတ်လိုက်ပါပြီ။ တချို့ဆို တစ်တော့မှာ နောက်လိုက် ပရိသတ် တသန်းထိရှိပြီး  တလကို ဝင်ငွေ ရူပီးငါသောင်း ( ၆၆၂ ဒေါ်လာ)  လောက် ရသူတွေ ရှိပါတယ်။  အိန္ဒိယမှာ လူများစုအတွက် တစ်တော့ဟာ ကျော်ကြားမှုနဲ့ကြွယ်ဝမှုအတွက် ပြတင်း ပေါက်တချပ်လည်း ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီ ByteDanceက ပိုင်ဆိုင်တဲ့ ဒီဖုန်းအပလီကေးရှင်းနဲ့ တရုတ်အခြေစိုက် တခြားမိုဘိုင်း အပလီကေးရှင်း ၅၈ ခုတို့ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သတ်မှတ်ပီး အိန္ဒိယအစိုးရက ဇွန်လ ၃၀ ရက်မှာ ပိတ်ပင်ခဲ့ပါတယ်။  ဒါဟာ ဟိမဝန္တာနယ်စပ်မှာ တရုတ်နဲ့အိန္ဒိယစစ်သားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရက်သတ္တပတ်ပေါင်းများစွာအကြာမှာ ဖြစ်လာတာပါ။  တစ်တော့အပီလီကေးရှင်းကို တကမ္ဘာလုံးမှာ ဒေါင်းလုတ် ဆွဲထားသူ နှစ်ဘီလီယံရှိပြီး  အိန္ဒိယမှာတင် လူသန်း ၆၀၀က  ဒေါင်းလုတ်ဆွဲထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up