မက္ကစီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်စင်တာ တိုက်ခိုက်ခံရပြီး ၂၄ ဦး သေဆုံး
DVB
·
July 2, 2020
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း အီရာပိုရာတိုမြို့ရှိ မူးယစ်ဆေးဖြတ်စင်တာတစ်ခုမှာ ဇူလိုင်လ ၁ ရက်က သေနတ်သမားတွေ တိုက်ခိုက်လို့ လူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။
သတင်းထောက်တွေကို ရဲတပ်ဖွဲ့ ပြသတဲ့ ဓာတ်ပုံတွေထဲမှာ အခန်းတစ်ခုအတွင်း သွေးတွေနဲ့ လဲကျ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၁ လောင်းထက် မနည်းကို တွေ့ရပါတယ်။
တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့သူ ၃ ယောက် အခြေအနေက အတော်ဆိုးရွားပြီး အဲဒီစင်တာ ဟာ တရားဝင်မှတ်ပုံ တင်မထားဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဂွါနာကွာတိုရှေ့နေချုပ်က ဒီတိုက်ခိုက်မှုကို သူရဲဘောကြောင်တဲ့ ရာဇဝတ်မှုလို့ ခေါ်ဆို လိုက်ပြီး စုံစမ်းစစ်ဆေးဖို့ အထူးအဖွဲ့ကို တာဝန်ပေးထားတယ်လို့ ပြောဆိုပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အာဏာပိုင်တွေ အကြား အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ရာ ပူးပေါင်းဆောင်ရွက်ဖို့ကို တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေကို လျှော့ချမယ်လို့ ကတိပြုပြီး သမ္မတဖြစ်လာတဲ့ လိုပက်ဇ် အော်ပရေဒိုရဲ့ ၁၉ လတာ သက်တမ်းအတွင်း ဒီတိုက်ခိုက်မှုဟာ လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားပါတယ်။