ထိုင်းနိုင်ငံတွင်  အမှိုက်ကောက်သူ ၁ ဦး ဘတ်ငွေ ၁၂ သန်းဖိုး ထီပေါက် 

ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်က အမှိုက်ကောက်ရောင်းသူ တစ်ဦးဟာ ဒီ ဇူလိုင်လ ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆု ၂ စောင်ပေါက်သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။  ဗိဿနုလုတ်ခရိုင်က အသက် ၅၅ နှစ်ရွယ်ရှိ နိုင်းပယတ်လုမ့်ဆန်ထေ့ ဆိုသူအမျိုးသား တစ် ဦးဟာ ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့မှာလာပြီး  လမ်းဘေးအမှိုက်ပုံတွေ လိုက်လံမွှေနှောက်ကာ သုံးလို့ရတဲ့အမှိုက်တွေ ပြန်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတာပါ။ ဇူလိုင်လ ၁ ရက်မှာတော့ သူဟာ နံပါတ် ၃၄၇၂၅၈ ပါ ထီလက်မှတ် ၂ စောင် ကိုင်ဆောင်လာပြီး ခလောင်းဟ နယ်မြေရဲစခန်းမှာ ပထမဆုပေါက်ကြောင်း လာ အကြောင်း ကြားခဲ့ပါတယ်။ သူဟာ အဆိုပါဂဏန်းနံပါတ်တွေကို အိပ်မက်ထဲမှာ တစုံတယောက်က လာပြချက်အရ ထိုးခဲ့တာဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ အပတ်ကလည်း ပထမဆုရဖို့ နည်းနည်းလေးဘဲ လွဲခဲ့ကာ ဒီအပတ်မှာတော့ ပထမဆု ၂ စောင်ပေါက်သွားတာလို့ ဆိုပါတယ်။  ထိုင်းထီ ပထမဆု ၁ စောင်ကို ဘတ် ၆ သန်းရတဲ့အတွက် သူ့အနေနဲ့ ဆုငွေ ဘတ် ၁၂ သန်းရရှိမှာဖြစ်ပါတယ်။ ပင်ပန်းဆင်းရဲစွာ အမှိုက်ကောက်ရောင်းရတဲ့ သူတစ်ဦး အခုလို နေ့ချင်းညချင်း သူဌေးဖြစ်သွားတဲ့အပေါ် ရဲစခန်းတာဝန်ရှိသူတွေကလည်း ဝမ်းသာဂုဏ်ယူစွာနဲ့ ဓာတ်ပုံတွေအတူ တွဲရိုက်ခဲ့ကြပါတယ်။  ကိုးကား- Manager Online

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up