ဗြိတိန်စီးပွားရေး ပြန်နာလန်ထအောင် ကြိုးပမ်းမည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကတိပြု

အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုကို အမြန်ခွင့်ပြုပြီး အိုးအိမ်စီမံကိန်း စည်းမျဉ်းတွေကို လျှော့ချကာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အကျပ်အတည်းကနေ ဗြိတိန် စီးပွားရေးကို  ပြန်နာလန်ထအောင် ကြိုးပမ်းမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  ကတိပြုလိုက်ပါတယ်။ ဗြိတိန်ဟာ လော့ဒေါင်းကနေ ရုန်းထွက်လာတာမို့ ဝန်ကြီးချုပ်ဂျွန်ဆင်က အစိုးရရဲ့ ကပ်ရောဂါကိုင်တွယ်မှုအပေါ် ဝေဖန်တာတွေကို စီးပွားရေးထိခိုက်မှု ကုစားရေး အစီအစဉ်နဲ့   ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ ဝန်ကြီးချုပ်ဂျွန်ဆင်က အကျပ်အတည်းကာလရဲ့ အကျဉ်းသားတွေလို ဆက်နေလို့မရဘဲ   နိုင်ငံရဲ့  GDP ကျဆင်းနေတာမို့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။  နိုင်ငံအလယ်ပိုင်း ဒက်ဒ်လေမြို့က ကောလိပ်တစ်ခုမှာ ပြောကြားရာမှာတော့ ဂျွန်ဆင်က  အစိုးရရဲ့ အခြေခံအဆောက်အဦ အသုံးစရိတ် တိုးမြှင့်ရေး အမြန်လုပ်ဖို့နဲ့ ပုဂ္ဂလိက အိုးအိမ်တည်ဆောက်ရေးကဏ္ဍ ပိုမိုလွယ်ကူစေဖို့  ကြိုးနီစနစ်ကို လျှော့ချဖို့  အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့ရဲ့အစီအစဉ်ကို အမေရိကန်သမ္မတ ရုစဗဲ့ရဲ့ ၁၉၃၀ “New Deal” နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ ၁၉၃၀ ဝန်းကျင်ကာလ စီးပွားရေးပျက်ကပ်ကနေ အမေရိကန်ကို ပြန်နာလန်ထစေဖို့ သမ္မတ ရုစဗဲ့ဟာ အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ အများပြည်သူဆိုင်ရာ စီမံကိန်းတွေပါဝင်တဲ့ “New Deal” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up