A d v e r t i s e m e n t With Us

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်ဖြင့် ပထမဆုံးအကြိမ် အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေသစ်နဲ့ ပထမဆုံးအကြိမ် အမျိုးသားတစ်ဦးကို  ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဇူလိုင် ၁  ရက်မှာ ပြောပါတယ်။  အဲဒီအမျိုးသားဟာ ဟောင်ကောင်လွတ်လပ်ရေးကို ထောက်ခံတဲ့ အလံကိုင်ဆောင်မှုနဲ့ အဖမ်းခံရပြီး ဒါဟာ တရုတ်အစိုးရက ညတွင်းချင်း အတည်ပြုလိုက်တဲ့ ဥပဒေသစ်နဲ့ ပထမဆုံး ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တင်တဲ့ တွစ်တာပို့စ်အရ တီရှပ်အနက် ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးရဲ့ ရှေ့ ပလက်ဖောင်းပေါ်မှာ “ဟောင်ကောင် လွတ်လပ်ရေး”ဆိုတဲ့ အလံတစ်ခုကို ချထားပါတယ်။   ဒါပေမဲ့ ဓာတ်ပုံကို အနီးကပ်ကြည့်ရာမှာတော့ ‘လွတ်လပ်ရေး’ ဆိုတဲ့ စကားလုံးရှေ့မှာ မှုန်ဝါးဝါး လက်ရေးနဲ့ “no to" ဆိုတာကို ရေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ရာမှာတော့ ချက်ချင်းဖြေကြားတာ မရှိပါဘူး။  စကားလုံး မှုန်ဝါးဝါးလေးဟာ အဲဒီအမျိုးသားကို တရားစွဲမခံရအောင် ကယ်တယ်နိုင်မလားဆိုတာ  မသိရသလို သူနဲ့ပတ်သက်ပြီး အသေးစိတ် မသိရသေးဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up