အသင်းသစ်ရှာဖွေပြီး အကောင်းဆုံးလက်စွမ်းပြမည်ဟု ဂိုးသမားဂျိုးဟတ် ပြော

ဘန်လေအသင်းက ထွက်ခွာခွင့်ပြုခဲ့တဲ့ ဂိုးသမား ဂျိုးဟတ်ဟာ အသင်းသစ်ရှာဖွေပြီး လက်စွမ်းပြနိုင်ဖို့ မျှော်လင့်နေပါတယ်။  အင်္ဂလန်နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့တဲ့ ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်မရဘဲဖြစ်ခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်မှာ အီတလီကလပ် တိုရီနိုမှာ အငှားချခံခဲ့ရပြီး ပွဲထွက်ခွင့်ရခဲ့ပေမဲ့ မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းဆီကို ပြန်လည်အငှားချခဲ့ပါတယ်။  ၂၀၁၈ခုနှစ်မှာ ဘန်လေအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာ ၂၁ ပွဲကစားခဲ့ရပေမဲ့ အခုနှစ်ရာသီမှာတော့ ၃ ပွဲသာ ကစားခွင့်ရခဲ့တာပါ။  အသက် ၃၃ နှစ်ရှိလာပေမယ့် ငယ်ရွယ်သေးတယ်လို့ ခံစားမိပြီး သူ့ကိုယုံကြည်မူပေးတဲ့အသင်းမှာ အကောင်းဆုံးလက်စွမ်းနဲ့ပြန်လည်ပေးဆပ်သွားချင်တယ်လို့ ဂျိုးဟတ်ကပြောပါတယ်။  ရီးရဲလ်မက်ဒရစ်အသင်းက ကော့တွိုက် နေရာမှာအစားထိုးဖို့အတွက် ကမ်းလှမ်းမှာမဟုတ်ပေမဲ့ မိမိဆီကနေ အကောင်းဆုံးလက်စွမ်းတွေ ကျန်ရှိနေသေးတယ်လို့ ဂျိုးဟတ်က ပြောကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up