မြန်မာအမျိုးသမီးအသင်း အိန္ဒိယကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

ဓာတ်ပုံ - MFF
၂၀၁၄ ခုနှစ် အာရှဖလားခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ မေ ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အိန္ဒိယအမျိုးသမီးအသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ [caption id="attachment_39718" align="alignright" width="300" caption="ဓာတ်ပုံ - MFF"][/caption] မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းကစားချိန်အတွင်းမှာပဲ နော်အားလို ၀ါးဖောနဲ့ ခင်မိုးဝေ တို့က သွင်းယူပေးခဲ့ကြတာလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာအသင်းနဲ့ တအုပ်စုတည်း အတူကျရောက်တဲ့ တရုတ် (တိုင်ပေ) နဲ့ ပါလက်စတိုင်းတို့ ပွဲမှာတော့ တရုတ် (တိုင်ပေ) အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ မေ ၂၃ ရက် ညနေပိုင်းမှာ အိမ်ရှင် ပါလက်စတိုင်းအသင်းနဲ့ ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

//
More News
Up