မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ပြည်ပခရီးစဉ်များကို ဇူလိုင်တစ်လလုံး ရပ်ဆိုင်းမည်
DVB
·
July 1, 2020
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ပျံသန်းပြေးဆွဲမယ့် ပြည်ပခရီးစဉ်တွေကို ဇူလိုင်တစ်လလုံး ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ခုလိုရပ်ဆိုင်းရတာဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ဖို့သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ချက်တွေအရ ထပ်မံတိုးမြှင့်ပြီး ရပ်ဆိုင်းရတာလို့ လေကြောင်းလိုင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ဟာ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဟောင်ကောင်ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲဖို့ ပြင်ဆင်နေတဲ့ လေကြောင်းလိုင်းတခုဖြစ် ပါတယ်။
လတ်တလောမှာတော့ ပြည်ပခရီးစဉ်တွေကို ဩဂုတ်လ ၁ ရက်နေ့မှသာ ပြန်လည် ပြေးဆွဲမှာဖြစ်ပြီး အခုလအတွင်း လေယာဉ်လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ ငွေပြန် ထုတ်ယူနိုင်သလို ထွက်ခွာမယ့် ရက်ပြောင်းလဲတာမျိုးတွေကို ပြုလုပ်နိုင်တယ်လို့ ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လေကြောင်းလိုင်းအနေနဲ့ ပြည်တွင်းခရီးစဉ်တွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ပျံသန်း ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။